DVB Logo
Home
Lead Story
သမ္မတသစ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ အမြင်
DVB
·
March 31, 2016
သမ္မတသစ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ အမြင်
Donate to DVB

အန်အယ်လ်ဒီအစိုးရသစ်ဟာ ဧပြီ ၁ ရက်နေ့ကနေစပြီး သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတနှစ်ဦး၊ ဝန်ကြီး ၁၈ ဦးတို့နဲ့အတူ နိုင်ငံ့တာဝန်တွေ စတင်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် အစိုးရသစ်လက်ထက်မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ များစွာရှိပါတယ်။ ဒါတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာကိုလည်း အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။

သမ္မတကြီး ရင်ဆိုင်ဖြေရှင်းရမယ့် အဓိက စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဝါရင့် နိုင်ငံရေးသမားကြီးတွေရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ပြထားပါတယ်။

ဦးဒေးဗစ်လှမြင့် (၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ကျနော်တို့ ဒီသမ္မတဖြစ်လာမယ့်၊ ဖြစ်တဲ့ ဦးထင်ကျော်အနေနဲ့ ရင်ဆိုင်ရမယ့် ကိစ္စကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အားနည်းချက်ကို သူ ရင်ဆိုင်ရမှာပါ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက လွတ်လပ်တဲ့ အစိုးရတရပ် ဖြစ်ပေါ်ပုံမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တဘက်က စစ်တပ်ကနေပြီးတော့မှ တစိတ်တပိုင်း ပါဝင်နေတာ ဖြစ်တဲ့အတွက် ဒီ တပ်နဲ့ အရပ်သားတွေနဲ့ကြားမှာ ဆောင်ရွက်မယ့် ကိစ္စပေါ့။ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကိစ္စမှာ သူ့အတွက် အများကြီး စိန်ခေါ်ချက်တွေ ရှိလာလိမ့်မယ်လို့ ကျနော် အဲ့ဒါကိုတော့ မြင်ပါတယ် ခင်ဗျ။”

ဦးမိုးသူ (၀ါရင့်နိုင်ငံရေးသမားဟောင်း)

“နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးက အဓိက စိန်ခေါ်မှုပဲလို့ ထင်ပါတယ်။ တရားဥပဒေ မစိုးမိုးတာက ဒုက္ခပဲလေ၊ တို့တိုင်းပြည်မှာ တရားဥပဒေကို မရှိသလိုကို ဖြစ်ခဲ့ရတာ အဓိကပဲ။ အဲ့တော့ တရားဥပဒေ စိုးမိုးရေးကို ဖြေရှင်းရမယ်လို့ ထင်ပါတယ်။ အဲ့တော့ ဒီဟာကလည်း တချို့က တော်တော်များများ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အယူအဆသမားတွေက ပြောကြတယ်၊ ဒီ သမ္မတအသစ်နဲ့ အစိုးရအဖွဲ့က အင်မတန် စိန်ခေါ်မှုတွေ ကြီးမားလိမ့်မယ်လို့၊ သူတို့က သိပ်ပြီးတော့ ပြောနေကြတာ။ ဘဘအနေနဲ့ အဲ့လို မထင်ပါဘူး။”

ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013