DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာနိုင်ဟု မိုးဇလသတိပေး
DVB
·
March 31, 2016
ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာနိုင်ဟု မိုးဇလသတိပေး
Donate to DVB

ဧရာဝတီမြစ်ရေဟာ မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာ ရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီမြစ်ရေဟာ မတ်၃၀ရက် ညနေ ၃ နာရီခွဲအချိန်တိုင်းထွာချက်အရ မြစ်ကြီးနားမြို့မှာ ၁၅ နာရီအတွင်း ၆ ပေခန့်မြင့်တက်ခဲ့ပြီး လာမည့် ၁ရက်မှ ၃ရက်အတွင်း ဗန်းမော်နဲ့ ကသာမြို့တွေ့မှာ ၄ ပေမှ ၅ ပေခန့်၊ နောက် ၃ ရက်မှ ၇ ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တွေမှာ ၂ပေခွဲမှ ၃ပေခွဲခန့် လက်ရှိရေမှတ်အထက် မြင့်တက် လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ရေးတိုးလာနိုင်တာကြောင့် မြစ်ကြောင်းအတွင်း သွားလာနေကြတဲ့ လှေ၊ သင်္ဘောတွေ ဂရုပြုဖို့နဲ့ သဲသောင်ခုံတွေပေါ် စိုက်ပျိုးနေထိုင်ကြသူတွေအနေနဲ့ မြစ်ရေရုတ်တရက် တိုးလာနိုင်တာကို ဂရုပြုနေထိုင်ဖို့လည်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013