DVB Logo
Home
Lead Story
မြန်မာအစိုးရသစ်ကို ဂျပန်ကြိုဆိုနှုတ်ဆက်
DVB
·
March 30, 2016
မြန်မာအစိုးရသစ်ကို ဂျပန်ကြိုဆိုနှုတ်ဆက်
Donate to DVB

မြန်မာပြည်သူအများစု ထောက်ခံမှုရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ် မတ်လ ၃၀ ရက်နေ့မှာ တရားဝင်စတင်တဲ့အပေါ် ဂျပန်နိုင်ငံက ကြိုဆိုဂုဏ်ပြုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကီရှီဒါက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရဟောင်းထံက တာဝန်လွှဲပြောင်းယူပြီးနောက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်သူတွေ မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနဲ့အညီ အစိုးရသစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းခဲ့တဲ့ မြန်မာ့သမိုင်းစာမျက်နှာသစ်စတင်မှုအပေါ် ၀မ်းမြောက်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြပါတယ်။

သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အောက်မှာ အစိုးသစ်အနေနဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ ယုံကြည်တယ်လို့ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအစိုရနဲ့ ပုဂ္ဂလိကဏ္ဍတွေမှာ ပေးအပ်နေတဲ့ အကူအညီ အထောက်အပံ့တွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ကြောင်းလည်း သူက ထည့်သွင်းဖော်ပြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013