DVB Logo
Home
Lead Story
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်း
DVB
·
March 30, 2016
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်း
1 / 4
Donate to DVB

သမ္မတသစ်  ဦးထင်ကျော် ခေါင်းဆောင်တဲ့  အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို  ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာပါတယ်။

အဖွဲ့ဝင် ၁၁ ဦးပါ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့မှာ သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး  ဒုဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၀၁ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွေအရ ခုလို ဖွဲ့စည်းလိုက်တာလို့ မတ်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013