DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ထောက်ခံဆန္ဒပြ
DVB
·
March 30, 2016
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ထောက်ခံဆန္ဒပြ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှာ လူပေါင်း ၅၀၀ လောက်က ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ခဲ့တဲ့ ၁/ ၂၀၁၆ မထောက်ခံကြောင်းနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့ ဦးညီပုအားထောက်ခံကြောင်းဆန္ဒပြမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ ကန့်ကွက်ဆန္ဒပြရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဆန္ဒပြဦးဆောင်သူ ဦးခိုင်မောင်သန်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ရခိုင်အမျိုးသားပါတီမှထုတ်ပြန်ခဲ့တဲ့ ၁ /၂၀၁၆ ကို ကျနော်တို့ မထောက်ခံဘူးခင်ဗျ။ နောက်တစ်ခုက ဒါက ရခိုင်ပြည်တစ်ရပ်လုံးကိုလည်း ကိုယ်စားမပြုပါဘူး။ ၂၀၀၈ အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ်ဝန်ကြီးအဖြစ် ဦးညီပုကိုခန့်အပ်တာကို ကျနော်တို့ လက်ခံပါတယ်ခင်ဗျ။ ကျနော်တို့က ANP ရွေးကောက်ခံအမတ်တွေနဲ့ လက်ရှိပြည်ထောင်စု အစိုးရရော ပြည်နယ်အစိုးရရော အားလုံးပူပေါင်းပါဝင်ပြီးတော့ လုပ်ဆောင်စေချင်တဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ဒီကနေ့ဆန္ဒပြရာမှာပါဝင်တဲ့ အချက်များကတော့ ရခိုင်ပါတီနှင့် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီဖွဲ့စည်းနိုင်ရေး၊ ပြည်ထောင်စုအစိုးရနှင့် ရခိုင်တိုင်းရင်းသားများပူပေါင်းဆောင်ရွက်ရေး၊ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးဘာသာ သာသနာတည်တံ့ခိုင်းမြဲရေး စတဲ့ ကြွေးကြော်သံများနှင့် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်” လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုမှာပါဝင်သူ ဦးဦးသန်းမြင့်က “ကျနော်တို့ဒီကနေ့ ဆန္ဒဖော်ထုတ်တယ်ဆိုတာက ၁/၂၀၁၆ က ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ခဲ့တာကို ကျနော်တို့ သဘောမတူဘူး။ မည့်သည့် အစိုးရနဲ့မဆို ကျနောတို့ပူပေါင်းဆောင်ရွက်ဖို့ လိုတယ်ပေါ့လေ။ ဒီဘက်ကလည်း ကျနော်တို့ သဘောမတူကြောင်း လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ခွင့် ရှိပါတယ်”လို့ ဆိုပါတယ်။

ဒီကနေ့ဆန္ဒပြပွဲကို ၁၁ နာရီ မိနစ် ၃၀ မှာ တောင်ကုတ်မြို့ဆေးရုံရှေ့မှာ လူစုပြီး ဖောင်တော်ဦး ဘုရားအထိ လူပေါင်း ၅၀၀ ခန့်က လမ်းလျှောက် ဆန္ဒထုတ် ဖော်ခဲ့တယ်လို့သိရပါတယ်။ ယနေ့ တောင်ကုတ်မြို့မှာဆန္ဒထုတ်ဖော်ပွဲ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ခဲ့တဲ့ ၁/ ၂၀၁၆ မထောက်ခံ ကြောင်းနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့ ဦးညီပုအားထောက်ခံကြောင်း ဆန္ဒထုတ် ဖော်ခဲ့ပေမယ့် တဖက်မှာလည်း စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့တွေမှာ ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်ခဲ့တဲ့ ၁/ ၂၀၁၆ ထောက်ခံကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့ ဦးညီပုအားကန့်ကွက်ကြောင်း အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ - ဇော်ခ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013