DVB Logo
Home
မြန်မာသတင်း
အမျိုးသားကျန်းမာရေးစီမံကိန်းရေးဆွဲရာတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချပေးရန် တောင်းဆို
DVB
·
March 30, 2016
အမျိုးသားကျန်းမာရေးစီမံကိန်းရေးဆွဲရာတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချပေးရန် တောင်းဆို
Donate to DVB

အမျိုးသားကျန်းမာရေး စီမံကိန်း ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ဒေသဆိုင်ရာအဆင့်ဆင့် တာဝန်ခွဲဝေအုပ်ချုပ်တဲ့ စနစ်ကို ဦးတည်ဆောင်ရွက်ဖို့ နယ်စပ်ကျန်းမာရေးအဖွဲ့တွေက အစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေ၊ နယ်စပ်ဒေသအခြေစိုက် လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံဆရာဝန်တွေ၊ တတ်သိပညာရှင်များ၊  အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းအပါအ၀င် ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေတဲ့ လူထုအဖွဲ့အစည်းကိုယ်စားလှယ် အယောက် ၉၀ ကျော် တက်ရောက်တဲ့ မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ပြောင်းလဲမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မတ် ၂၄ နဲ့ ၂၅ ရက်နေ့ ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟိုချုပ်ကိုမှု လျော့ချရေးပါအ၀င်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ စီမံအုပ်ချုပ်မှုတွေကို ဆက်လက်ထိန်းသိမ်း အသိအမှတ်ပြု ရေးအပါအ၀င် အချက် ၁၀ ချက်ကို  ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။

နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့တဲ့ မွန်အမျိုးသားကျန်းမာရေးအဖွဲ့က နိုင်လ၀ီအောင်က  “ကျနော်တို့ တိုင်းရင်းသားကျန်းမာရေးဌာနတွေအားလုံးက ဒီတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအောက်မှာ ရှိနေတဲ့အခါကျတော့ နိုင်ငံတော်ဘက်ဂျက်ကို လက်ခံရ ရှိတဲ့အပိုင်းမှာ အခက်အခဲရှိတယ်။ ကျနော်တို့အတွက် ပိုလွယ်တာက နိုင်ငံခြားငွေတွေ နိုင်ငံတော်ကို ထောက်ပံ့တယ်။ အဲဒီငွေတွေက နိုင်ငံတော်ရော၊ ကျနော်တို့ တိုင်းရင်းသားဘက်ရော တိုင်ပင်ဆွေးနွေးပြီးတော့ ဒီကျန်းမာရေး အသုံးစရိတ်ကို မျှမျှတတခွဲဝေပေးဖို့တချက်ရယ်။ ဒီအန်အယ်လ်ဒီအစိုးရလက်ထဲမှာ ကျန်းမာရေးအခန်းဂဏ္ဍက အရေးကြီးတဲ့အတွက် လက်ရှိသွားနေတဲ့ ဘတ်ဂျက်တနှစ်စာကို ဒီထက်ပိုပြီး တိုးပေးဖို့။ တိုးမြင့်တဲ့အခါမှာ ကျနော်တို့နဲ့ အန်အယ်လ်ဒီအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တွေ့ဆုံဆွေးနွေးပြီးတော့ လုပ်သွားမယ်ဆိုလို့ရှိရင် ကျနော်တို့ ဒေသဘက်မှာရှိတဲ့ ထူထုတွေအားလုံးကလည်း ခံစားခွင့်ရှိမယ်လို့ ကျနော်တို့ အဲလို ယူဆထားတာပေါ့။”

ဒါကြောင့်လည်း တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက် ဖော်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒေသတွင်း စစ်ပွဲနဲ့ ပဋိပက္ခတွေဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားမှုကို ပိုမိုဖြစ်စေတဲ့အတွက် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်ပေးဖို့လည်း တောင်းဆိုသွားပါတယ်။

သမ္မတသစ် ဦးထင်ကျော်ကတော့ အခုအစိုးရသစ်အနေနဲ့  အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခုဖြစ်ပေါ်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှု ဘ၀ အဆင့်အတန်းတိုးတက် မြင့်မားရေး တို့ကို အကောင်အထည်ဖော်သွားမယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013