DVB Logo
Home
မြန်မာသတင်း
ဒေါ်စုပုံကို ညစ်ညမ်းပုံလုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သူကို ထောင်ဒဏ် ၆ လ ချမှတ်
DVB
·
March 29, 2016
ဒေါ်စုပုံကို ညစ်ညမ်းပုံလုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သူကို ထောင်ဒဏ် ၆ လ ချမှတ်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ် ပြုပြင်ပြီး အင်တာနက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သူကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်းကို မတ်လ ၂၈ ရက်နေ့ ရုံးချိန်းမှာ ကန်ကြီးထောင့်မြို့နယ် တရားရုံးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်သိန်းက “ကျနော်တို့ တရားစွဲထားတဲ့ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေနဲ့ စာသားတွေကို အခုလို ညစ်ညမ်းပုံတွေ တင်တဲ့အတွက် ဂုဏ်သိက္ခာ ကျဆင်းတယ်၊ အသရေကို ညှိုးနွမ်းတယ် ဆိုပြီးတော့ ကျနော်တို့ ၆၆(ဃ) နဲ့ ထောင် ၆ လ အပြစ်ပေးလိုက်တာပါ” လို့ ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မအရ ငွေဒဏ်၊ ထောင်ဒဏ် သုံးနှစ်အထိနဲ့ ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်တာကြောင့် အခုလို ထောင်ဒဏ် ၆ လ ချမှတ်တဲ့အပေါ် တရားလိုနဲ့ တရားစွဲဆိုခံရသူ နှစ်ဘက်စလုံးက မျှတတယ်လို့ ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်းက “ဥပဒေနဲ့အညီ ဆောင်ရွက်တာပဲ။ ဒီလိုပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

တရားလို သက်သေတဦးဖြစ်တဲ့ ဦးဝေယံအောင်ကတော့ “၆၆(ဃ) ပုဒ်မကတော့ ၃ နှစ်လောက်ထိ ထောင်ဒဏ်ချလို့ ရပါတယ်။ ဒါပေမယ့် ရှေ့မှာလည်း ချစ်သမီးတို့ကို ၆ လ ချပြီးသွားပြီဆိုတော့ ဦးသန်းထွန်းလည်း ၆ လ ချတယ်ဆိုတော့ တရားဥပဒေ စိုးမိုးတဲ့ဘက်ကိုတော့ နည်းနည်း အသွင်ကူးပြောင်းလာတယ်လို့ တွေ့ရပါတယ်” လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တဲ့ ဦသန်းထွန်းဟာ ချုပ်ရက် လေးလကျော်ပြီ ဖြစ်ပါတယ်။

ဦးသန်းထွန်းကတော့ ချုပ်ရက်နဲ့ လွတ်ဖို့နီးပြီဖြစ်တာကြောင့် အယူခံဆက်တက်ဖို့ မရှိဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013