DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းလက်ထက် စီမံချက်များကြောင့် ၀န်ကြီးချုပ်အသစ် အခက်တွေ့နိုင်
DVB
·
March 29, 2016
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းလက်ထက် စီမံချက်များကြောင့် ၀န်ကြီးချုပ်အသစ် အခက်တွေ့နိုင်
Donate to DVB

အရင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေလက်ထက်က ဝေဖန်မှုများခဲ့တဲ့ ကိစ္စတွေကို ၀န်ကြီးချုပ်အသစ်အနေနဲ့ ခက်ခက်ခဲခဲ ဖြတ်သန်းရမှာဖြစ်ပြီး အရပ်သားစစ်စစ် ၀န်ကြီးချုပ်ဖြစ်လို့ ထောက်ခံကြိုဆိုတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်အဖြစ် လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ က ဦးဖြိုးမင်းသိန်းကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို ပြောဆိုလိုက်တာပါ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်တဲ့ ဦးဖြိုးမင်းသိန်းဟာ လူငယ်တဦး ဖြစ်တဲ့အပြင် ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံရှိသူ တဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်သားတဦးဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ထဲထဲဝင်ဝင်သိလို့ ရန်ကုန်မြို့သူ၊ မြို့သားတွေရဲ့ အဓိက အခက်ခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပေမယ့် အရင် ၀န်ကြီးချုပ်ဟောင်းလက်ထက်က ပြည်သူတွေ ဝေဖန်ခံခဲ့ရတဲ့ လုပ်ရပ်တွေကိုတော့ ခက်ခက်ခဲခဲ ကျော်ဖြတ်ရလိမ့်မယ်လို့ တရားရုံးချုပ် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“အရင်ဝန်ကြီးချုပ် လုပ်သွားတဲ့ ပျက်စီးနေတဲ့ ရန်ကုန်တိုင်းရဲ့ အခြေအနေကို သူ တော်တော် အဖတ်ဆယ်ယူရလိမ့်မယ်။ သို့သော် ပြည်သူ့ထောက်ခံမှု ရထားတဲ့ ပါတီနဲ့ ခေါင်းဆောင်တယောက် ဖြစ်တာမို့လို့ ပြည်သူတွေရဲ့ ကူညီမှုကို မလွဲမသွေ ရလိမ့်မယ်။ အဲ့ဒီ ပြည်သူတွေရဲ့ အသံတွေ နားထောင်ပြီးတော့ လုပ်သွားမယ်ဆိုရင် သူ ဘာမှ အခက်အခဲ မရှိဘဲနဲ့ အောင်မြင်စွာ လုပ်နိုင်လိမ့်မယ်လို့ ဆရာ ယုံကြည်တယ်။ တို့ ရန်ကုန်တိုင်းမှာ အရင်ဝန်ကြီးချုပ် လက်ထက်မှာ လုပ်သွားတဲ့ အလွန်ဆိုးဝါးတဲ့ ကျောင်းသားတွေပြဿ  နာ၊ အလုပ်သမားပြဿ နာတွေ၊ လယ်သမားပြဿ နာတွေ၊ ပြည်သူတွေကို ဘူဒိုဇာနဲ့ ထိုးပစ်တဲ့ ပြဿနာတွေမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ အဓိက တာဝန်ရှိတဲ့သူတယောက် ဖြစ်တယ်။ အဲ့လိုလူမျိုးတယောက်အစား ပြည်သူထဲက ၀န်ကြီးချုပ်တယောက် ဖြစ်လာတာကို လှိုက်လှဲစွာ ကြိုဆိုတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုကြေညာခြင်းခံရတဲ့ ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်တိုင်းဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး ရန်ကုန်တိုင်းအတွင်း ကားကြပ်တဲ့ပြဿ နာ၊ အလုပ်လက်မဲ့ပြဿ နာ၊ အမှိုက်ကင်းစင်ရေးကိစ္စတွေ အများကြီး လုပ်ဆောင်ရမှာ ဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ အဓိက ပြုပြင်ပြောင်းလဲရေးကတော့ အဂတိလိုက်စားမှုကင်းတဲ့၊ ပြည်သူလိုလားတဲ့ အစိုးရတရပ် ဖြစ်အောင် တည်ဆောက်သွားမယ်လို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့တွင်း ကားကြပ်တဲ့ကိစ္စတွေကို ဖြေရှင်းမယ်ဆိုရင် မီးပွိုင့်စနစ်တွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်ပြီး ဒါနဲ့ပတ်သက်တဲ့ ၀န်ထမ်းတွေအနေနဲ့လည်း စည်းစနစ်တကျ အလုပ်လုပ်ဖို့ လိုတယ်လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

အငှားယဉ်မောင်း ကိုမြင့်သူထက်ကတော့ “ကားပါကင်တွေကို စနစ်တကျပေါ့၊ ပေးထားတဲ့ ကားပါကင်တွေထက် ပိုနေတဲ့ ကားတွေကို ထိထိရောက်ရောက် အရေးယူပြီး စနစ်တကျ လိုက်လုပ်မယ်ဆိုရင် ပြေလည်သွားမယ်လို့ ထင်တယ်" လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် အတည်ပြုခံထားရတဲ့ ဦးဖြိုးမင်းသိန်းဟာ မတ်လ ၂၁ ရက်နေ့က ဒေါက်တာအောင်မြတ်သူ ဦးဆောင်ပြီး လူအင်အား ၁၀၀၀ ကျော်က ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်လို့ အမြန်ဆုံး တရားဆွဲဆိုနိုင်ရန်အတွက် ဆန္ဒပြခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013