DVB Logo
Home
မြန်မာသတင်း
ခရီးသည် ၈၁ ဦးပါ အီဂျစ်အဲလေကြောင်းလိုင်း ပြန်ပေးဆွဲခံရ (ရုပ်သံ)
DVB
·
March 29, 2016
ခရီးသည် ၈၁ ဦးပါ အီဂျစ်အဲလေကြောင်းလိုင်း ပြန်ပေးဆွဲခံရ (ရုပ်သံ)
Donate to DVB

အီဂျစ်အဲလေကြောင်းလိုင်းဟာ မြို့တော်ကိုင်ရိုမြို့ကနေ အလက်ဇန္ဒရီးယားမြို့ ဆီပျံသန်းနေစဉ်မှာ ပြန်ပေးဆွဲခံရတဲ့အတွက် လမ်းကြောင်းပြောင်းပြီး ဆိုက်ပရပ်စ်နိုင်ငံမှာ ဆင်းသက်ခဲ့ရတယ်လို့ အီဂျစ်အစိုးရ ရေဒီယိုက ထုတ်ပြန်ကြေညာပါတယ်။

အီဂျစ်အဲလေကြောင်းလိုင်းက သူတို့ရဲ့ အဲဘတ်စ်-၃၂၀ အမျိုးအစား အမ်အက်စ် -၁၈၁ ပေါ်မှာ ခရီးသည် ၈၁ ယောက်ပါဝင်ပြီး ပြန်ပေးဆွဲခံခဲ့ရတာဖြစ်တယ်လို့ တွစ်တာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတည်ပြုလိုက်ပါတယ်။

ခုချိန်မှာတော့ ဆိုက်ပရပ်စ်နိုင်ငံတောင်ပိုင်း၊ လာနာကာဆိပ်ကမ်းမြို့လေဆိပ်မှာ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရပြီး ပြန်ပေးဆွဲသူတွေနဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။

ဆိုက်ပရပ်စ်အစိုးရတာဝန်ရှိသူတွေက ပြန်ပေးဆွဲသမားတဦးထက်ပိုပါနိုင်တယ် လို့ အေပီသတင်းဌာနကို ပြောလိုက်ပါတယ်။
ရုပ်သံ - skynews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013