DVB Logo
Home
မေးမြန်းခန်း
ရာခိုင်နှုန်း​ ၉၀ ​ကျော်​ကျော်​လောက် ​အောင်မြင်သွား​တယ်
DVB
·
August 15, 2011
ရာခိုင်နှုန်း​ ၉၀ ​ကျော်​ကျော်​လောက် ​အောင်မြင်သွား​တယ်
Donate to DVB

မ​နေ့​က ပဲခူး​ခရီး​စဉ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က​နေ ပြန်လွတ်လာတဲ့​နောက်ပိုင်း​ အ​ရေး​ကြီး​တဲ့​ နိုင်ငံ​ရေး​စမ်း​သပ်မှုအဖြစ် ​စောင့်​ကြည့်​ခဲ့​ကြပါတယ်။

၂၀၀၃ ခုနှစ်၊​ အထက်မြန်မာပြည်ခရီး​စဉ် ​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပ နိုင်ငံ​ရေး​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။ ဒီခရီး​စဉ်မှာ ပဲခူး​နယ်ခံလူထု ​ထောင်​သောင်း​ချီပြီး​ကြိုဆိုခဲ့​ကြသလို အာဏာပိုင်​တွေဘက်က လိုက်​လျောမှု​တွေ ပထမဆုံး​ ထူး​ထူး​ခြား​ခြား​တွေ့​ခဲ့​ရတဲ့​အတွက် ထူး​ခြား​တယ်လို့​ ဆိုကြပါတယ်။ ဒီခရီး​က​နေ မြန်မာပြည် နိုင်ငံ​ရေး​ ​ရှေ့​အလား​အလာအတွက် ဘယ်လိုအဓိပ္ပာယ်​ဆောင်ပါသလဲ။

ပဲခူး​မြို့​က ၁၉၉၀ ​ရွေး​ကောက်ခံလွှတ်​တော်အမတ် ဦး​မြတ်လှကို ​မေး​မြန်း​ထား​ပါတယ်။

“ကျ​နော်သိရသမျှ​တော့​ လူထုတက်​ရောက်မှုများ​တယ်၊​ လူစည်တယ်။ လူငယ်​တွေ ​ခေါင်း​ဆောင်ပါဝင်တယ်။ အာဏာပိုင်အဖွဲ့​အစည်း​တွေကလည်း​ ဝိုင်း​ဝန်း​ကူညီကြတယ်။ ဒီအချက် ၃ ချက်က​တော့​ ထူး​ခြား​တယ်။”´

အဲ့​တော့​ အခုလိုမျိုး​ လူငယ်​တွေလည်း​ပါဝင်လာတယ်၊​ အာဏာပိုင်​တွေဘက်ကလည်း​ ကူညီလာ​တော့​ မြန်မာ့​နိုင်ငံ​ရေး​ရဲ့​ ​ရှေ့​အလား​အလာနဲ့​ပတ်သက်ပြီး​တော့​ ဘယ်လိုမျိုး​ တက်လှမ်း​နိုင်မယ်လို့​ တွက်လဲဗျ။

“ကျ​နော်တို့​လည်း​ သူတို့​ကို​တွေ့​စက ယုန်ထင်​ကြောင်ထင်​ပေါ့​ဗျာ။ ​နောက်​တော့​ သူတို့​က အခုတ​ခေါက်ခရီး​စဉ်မှာ တက်တက်ကြွကြွနဲ့​ လုံခြုံ​ရေး​ကို ပါဝင်ကူညီ​ပေး​တယ်။ မဏ္ဍိုင်ဘုန်း​ကြီး​ကျောင်း​မှာ ဘုန်း​ကြီး​သွား​ဖူး​တဲ့​အခါမှာလည်း​ ရဲမင်း​ကြီး​ကိုယ်တိုင် လက်ဖက်ရည်ပွဲနဲ့​ ဧည့်​ခံတယ်။ ရဲတပ်သား​တွေ၊​ ယာဉ်ထိန်း​ရဲ​တွေဆိုရင်လည်း​ လှိုက်လှိုက်လှဲလှဲ အကူအညီ​ပေး​ကြပါတယ်။ ဒါ​တွေကိုကြည့်​ပြီး​တော့​ စစ်အစိုး​ရနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ အဆင်​ပြေလာကြပြီလို့​ ကျ​နော်တို့​က ​ကောက်ချက်ချမိတယ်။ အခုခရီး​စဉ်မှာ ​တွေ့​မြင်ရတာနဲ့​ ပတ်သက်ပြီး​တော့​ မြင်တာ​ပေါ့​။ ဘယ်​လောက်အထိ မှန်မယ် မမှန်ဘူး​ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာ​ပေါ့​။ ဒီ​နေ့​ပွဲ​လေး​က​တော့​ ထူး​ထူး​ကဲကဲ အာဏာပိုင်​တွေဘက်က လိုက်​လျောတာ​တွေ ကျ​နော်တို့​တွေ့​ရတယ်။”

လူထုအများ​အပြား​ထွက်ပြီး​ ကြိုဆိုကြတဲ့​အ​ပေါ်မှာ အာဏာပိုင်​တွေက လုံခြုံ​ရေး​အရ ကြိုတင် ​ကြေညာထား​တာ​ကြောင့်​လား​၊​ ​ဒေါ်စုကို ​တွေ့​ချင်စိတ်​ကြောင့်​လား​၊​ ဘယ်လို အ​ကြောင်း​ရပ်​တွေ​ကြောင့်​လို့​ ထင်လဲခင်ဗျ။

“​ဒေါ်စုကို ချစ်မြတ်နိုး​ကြတဲ့​သူ​တွေက ဒီမှာ တ​နေ့​တခြား​ များ​လာတယ်ဗျ။ ​တော​ရော မြို့​ကလူ​တွေပါ ​ဒေါ်စုကိုယ်တိုင်လာမယ်ဆို​တော့​ အပြင်မှာ​တွေ့​ချင်ကြတယ်ဗျ။ အဓိက သူတို့​မျက်မြင်ကိုယ်တိုင် ​ဒေါ်စုကို ​တွေ့​ချင်ကြတာ အဓိကလို့​ထင်ပါတယ်။ ​နောက်တချက်က အာဏာပိုင်​တွေက ကြိုတင်​ပြောဆို ထား​တာ​တွေ​ကြောင့်​လို့​လည်း​ ထင်ပါတယ်။”

အာဏာပိုင်​တွေဆိုတာက အရင်ကတည်း​က ဆက်ဆံခဲ့​တဲ့​ သူ​တွေလား​။ ဒါမှမဟုတ် လူသစ်​တွေလား​ဗျ။

“အထူး​သဖြင့်​ ရဲ​တွေ​ပေါ့​။ လူက​တော့​ပြောင်း​သွား​တာ​ပေါ့​ဗျာ။ အင်အား​အ​နေနဲ့​က​တော့​ ရဲက​တော့​ ရဲပဲ​ပေါ့​။”

သူတို့​ဆက်ဆံ​ရေး​ပုံစံက ​ပြောင်း​သွား​လား​။

“​ပြောင်း​သွား​တယ် အများ​ကြီး​ကို​ပြောင်း​လဲသွား​တယ်”

ဦး​မြတ်လှအိမ်​ရှေ့​မှာ အန်တီစုမိန့်​ခွန်း​ပြော​တော့​ လူပရိသတ်အင်အား​ ဘယ်​လောက်ရှိလဲခင်ဗျ။

“ကျ​နော်တို့​အိမ်​ရှေ့​မှာ လမ်း​တို​လေး​ရှိတယ်ဗျ။ အဲ့​မှာ​တော့​ လူ​တွေအပြည့်​ပဲ။ ​နောက်ဟိုဘက် ဒီဘက် လှမ်း​တွေ့​နေရတဲ့​ လမ်း​ကြိုလမ်း​ကြား​လေး​တွေက​နေ ရပ်​စောင့်​ပြီး​ နား​ထောင်​နေကြတဲ့​ လူ​တွေပါဆိုရင် စုစု​ပေါင်း​ ၅ ​သောင်း​ကျော်​လောက်ရှိမယ်ဗျ။ လာကြိုတဲ့​လူ​တွေ မပါ​သေး​ဘူး​နော်။ ည​နေ​လောက်ကျ​တော့​ ​ရေ​ဘေး​ဒုက္ခသည်​တွေကို အကူအညီ​ပေး​ဖို့​ အ​နောက်​ရွှေနံ့​သာ​ကျောင်း​ကိုသွား​တယ်ဗျာ။ အဲ့​မှာလည်း​ ပြည်သူ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည် သက်​တော်ရာ​ကျော်ရှည်ပါ​စေဆိုပြီး​ ​အော်ဟစ်ဆု​တောင်း​ကြတယ်။ အဲ့​မှာလည်း​ ပရိသတ်က တိုး​လို့​မ​ပေါက်ဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013