DVB Logo
Home
မြန်မာသတင်း
ရှေးစော်ဘွားများအုပ်ချုပ်ခဲ့သည့်နေရာများကို ရှမ်းနီပြည်နယ်အဖြစ် ဖွဲ့စည်းပေးရန်တောင်းဆို
DVB
·
March 29, 2016
ရှေးစော်ဘွားများအုပ်ချုပ်ခဲ့သည့်နေရာများကို ရှမ်းနီပြည်နယ်အဖြစ် ဖွဲ့စည်းပေးရန်တောင်းဆို
Donate to DVB

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ရှေးရှမ်းစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့နေရာတွေကို ရှမ်းနီ ပြည်နယ်အဖြစ် ဖွဲ့စည်းပေးဖို့  ပထမဆုံးအကြိမ် ရှမ်းနီအမျိုးသားညီလာခံက တောင်းဆို လိုက်ပါ တယ်။

ရှမ်းနီ လူဦးရေအများစုနဲ့ အခြားသော ခန္တီးရှမ်း၊ တိုင်းလေ၊ တိုင်းဆာ အစရှိတဲ့ ရှမ်းမျိုးနွယ်စုေ တွဟာ မြန်မာပြည်လွတ်လပ်ရေးမရခင် ရှေးခေတ်အဆက်ဆက် စော်ဘွားများ အုပ်ချုပ်သော စနစ်နဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ နေထိုင်လာခဲ့ကြပေမယ့်  ရှမ်းနီဒေသတချို့ ဟာ ကချင်ပြည်နယ်အဖြစ်သွပ်သွင်းခံရတဲ့အပြင် ကချင်လက်နက်ကိုင်အဖွဲ့များရဲ့ နိုင်ထက်စီးနင်း ပြုမူတာတွေ ခံနေရတာကြောင့် ပြည်နယ်တောင်းဆိုရတာလို့  ရှမ်းနီညီလာခံဖြစ်မြောက်ရေး အဖွဲ့မှ ဦးစိုင်းစန်းဝေက ဒီဗွီဘီကို ပြောပါတယ်။

“လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကျနော်တို့နယ်မြေ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင် ဒီဟာတွေ ကချင်ပြည်နယ်ထဲ သွပ်သွင်းခံရတယ်။ သွပ်သွင်းခံရပြီးတဲ့နောက် ကျနော်တို့နစ်နာဆုံးရှုံးမှုတွေ ရှိတယ်။ ကချင်ပြည်နယ်လို့ သတ်မှတ်ခြင်းခံရတဲ့အတွက် ကချင်သာလျှင်ဦးစားပေးခံရသလို၊ ကျနော်တို့လူမျိုးက နောက်ကောက်ကျခံခဲ့ရသလို ခံစားရတယ်။ ဒါ့အပြင် ကေအိုင်အေကလည်း ကျနော်တို့လူမျိုးပေါ်မှာ အနိုင်ကျင့် ဖိနှိပ်မှုတွေ တအားများလာတာပေါ့လေ။ အဲဒါကနေ ကျနော်တို့ ကနေ ဒီတိုင်းဘဲနေလို့ မဖြစ်ဘူး။ ကိုယ့်ပြည်နယ်တော့ ပြန်တောင်းမှဖြစ်မယ်ဆိုပြီးတော့မှ ညီလာခံမှာ ဆုံးဖြတ်ခဲ့တာပေါ့လေ။”

အစိုးရအနေနဲ့  ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေကို ရွာသစ်တည်ကာနေရာ ချထားပေး မယ်ဆိုရင် သမိုင်းစဉ်ဆက်နေထိုင်လာသူ ဌာနေဒေသခံတွေရဲ့ သဘောတူချက်ရယူဖို့၊ ဒီလိုမှ မဟုတ်ရင် နိုင်ငံရေးမရိုးသားမှုတွေ ရောယှက်လာပြီး ယဉ်ကျေးမှုဓလေ့ထုံးစံမတူတဲ့ လူမျိုးကြား မလိုလားအပ်တဲ့ ပြဿ     နာဖြစ်ပေါ်နိုင်တယ်လို့ ရှမ်းနီညီလာခံက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ညီလာခံမှာ ရှမ်းနီတမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာ၀၀န်းကျင်ဆိုင်ရာမူဝါဒ သဘောထားတွေပါ ဆွေးနွေးထုတ်ပြန်ခဲ့ပါတယ်။

လာမယ့်အစိုးရသစ်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ်ယူတဲ့အခါမှာ ရှမ်းနီလူမျိုး ရဲ့ ဘုံသဘောထားကို တင်ပြနိုင်ဖို့ အခုလိုဆွေးနွေးထုတ်ပြန်ရတာလို့ ဦးစိုင်းစန်းဝေက ပြောပါ တယ်။

ပထမဆုံးအကြိမ် ရှမ်းနီအမျိုးသားများညီလာခံကို ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ နေ့တွေက မန္တလေးမြို့ ဥရုမြစ်ရိုးသာရေးနာရေးအသင်းတိုက်မှာ ကျင်းပခဲ့ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသက ရှမ်းနီတိုင်းရင်းသားကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013