DVB Logo
Home
မြန်မာသတင်း
အလုပ်လုပ်သူ ထက်ဝက်ကျော် လယ်ယာ၊ သားငါးနှင့် သစ်တောလုပ်ငန်းများတွင် လုပ်ကိုင်
DVB
·
March 29, 2016
အလုပ်လုပ်သူ ထက်ဝက်ကျော် လယ်ယာ၊ သားငါးနှင့် သစ်တောလုပ်ငန်းများတွင် လုပ်ကိုင်
Donate to DVB

မြန်မာနိုင်ငံရဲ့ အသက်အရွယ်၊ ကျား/မနဲ့ နေရာဒေသအလိုက် အလုပ်အကိုင်နဲ့ လုပ်ငန်းအခြေအနေတွေကို ဖော်ပြထားတဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း နောက်ဆက်တွဲ အစီရင်ခံစာကို မတ်လ ၂၈ ရက်နေ့က နေပြည်တော်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ထုတ်ပြန်လိုက်ပါတယ်။

“အလုပ်လုပ်သူ ၂၁ သန်းကျော်မှာ ၁၀ သန်းကျော်က လယ်ယာ၊ သားငါးနဲ့ သစ်တောကဏ္ဍတွေမှာ လုပ်ကိုင်နေတာပါ” လို့ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းအပေါ်မှာ အခြေခံပြီး ဆက်စပ်အချက်အလက်တွေကို ထုတ်ပြန်နေတာပါ။

“နောက်ထပ် မွေးဖွားတာနဲ့ သေဆုံးတာ၊ ကျား/မ၊ သန်းခေါင်စာရင်း မြေပုံအညွှန်း စတာတွေကို ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ နိုင်ငံတော်က တောင်းတဲ့ အချက်အလက်တွေ၊ တခြားဌာန အဖွဲ့အစည်းတွေက တောင်းတဲ့ အချက်အလက်တွေကိုလည်း တောက်လျှောက် provide (ပြင်ဆင်စုဆောင်း) ဦးမှာပါ” လို့လည်း ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၀ နှစ်ကနေ ၇၀ ကျော်အထိ အလုပ်အကိုင် လုပ်နေကြတာဖြစ်ပြီး အလုပ်လက်မဲ့ကတော့ ၄ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

အလုပ်လက်မဲ့ အများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး ဒုတိယကတော့ ကရင်ပြည်နယ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013