DVB Logo
Home
မြန်မာသတင်း
ကျောင်းနေအရွယ် ငါးယောက်လျှင် တယောက် အလုပ်လုပ်နေရ
DVB
·
March 29, 2016
ကျောင်းနေအရွယ် ငါးယောက်လျှင် တယောက် အလုပ်လုပ်နေရ
Donate to DVB

မြန်မာနိုင်ငံက ကျောင်းနေအရွယ် အသက် ၁၀ နှစ်ကနေ ၁၇ နှစ်လူငယ် ၅ ဦးမှာ ၁ ဦးဟာ လုပ်ငန်းခွင်တွေထဲကို ရောက်နေတယ်လို့ သန်းခေါင်စာရင်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီအရေအတွက်အရ လူဦးရေစုစုပေါင်း ၁၆ သိန်းခွဲကျော်ဟာ အလုပ်လုပ်ကိုင်နေကြ တာပါ။

အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်တွေကတော့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးပြီး အလုပ်လက်မဲ့ ၉ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါဟာ ပြည်ထောင်စုအဆင့် အလုပ်လက်မဲ့နှုန်းရဲ့ နှစ်ဆကျော် ဖြစ်နေတာပါ။

“လူငယ်တွေ ဒီလို အလုပ်အကိုင် အခွင့်အလမ်း နည်းနေတာက အမျိုးသားအဆင့် လုပ်အားမူဝါဒ ချမှတ်ဖို့ လိုအပ်နေပြီဆိုတာကို ပြနေတာပါ။ ပြီးတော့ လူငယ်တွေ အလုပ်အကိုင်ရဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ မဟာဗျူဟာချဖို့လည်း လိုပါတယ်။ မိန်းကလေးတွေအတွက်လည်း ချမှတ်ဖို့ လိုပါတယ်။ သူတို့ဟာ ရွယ်တူ ယောက်ျားလေးတွေထက် ပိုပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းကြပါတယ်” လို့ မြန်မာ့သန်းခေါင်စာရင်းကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စ ဂျက်ဆန်က ပြောပါတယ်။

အလုပ်ရှိသူတွေထဲမှာ အသက် ၁၀ နှစ်ကနေ ၂၄ နှစ်အထိ လူငယ် ၃ သန်းလောက်ဟာ လယ်ယာ၊ သစ်တောနဲ့ သားငါးကဏ္ဍတွေမှာ လုပ်ကိုင်နေကြပြီး အမျိုးသမီးဦးရေ ၁၁ သိန်းလောက် ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013