DVB Logo
Home
မြန်မာသတင်း
လေယာဉ်ပေါ်တွင် မြန်မာအမျိုးသမီးတဦး ကလေးမွေးဖွား
DVB
·
March 28, 2016
လေယာဉ်ပေါ်တွင် မြန်မာအမျိုးသမီးတဦး ကလေးမွေးဖွား
Donate to DVB

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကနေ ရန်ကုန်လေဆိပ်သို့ ပျံသန်းလာတဲ့ လေယာဉ်ဟာ ရန်ကုန်လေဆိပ်အရောက်မှာ မြန်မာအမျိုးသမီးတဦး ကလေးမွေးဖွားခဲ့ပါတယ်။

Silk Air လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် MI-518 ဟာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညနေ ၃ နာရီခွဲ အချိန်က ဆိုက်ရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး ၁ ဦးဟာ လေယာဉ် ဆိုက်ရောက်ပြီးနောက် ကလေးမီးဖွားဖို့ ဗိုက်နာလာတာကြောင့် လေယာဉ်ပေါ်ရှိ လေယာဉ်မယ်တွေနဲ့ ရန်ကုန်လေဆိပ် တာဝန်ကျ အမျိုးသမီးဆရာဝန်တို့မှ မီးဖွားဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် ၄ နာရီ ၅၀ မိနစ် အချိန်မှာ သားယောကျာ်းလေးတဦး လေယာဉ်ပေါ်မှာပဲ မွေးဖွားခဲ့ပါတယ်။
ဓာတ်ပုံ - Aviation Police-YGN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013