DVB Logo
Home
Lead Story
မြေယာပြဿ နာနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်မယ် - ဒေါက်တာလဲ့လဲ့မော်
DVB
·
March 28, 2016
မြေယာပြဿ နာနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်မယ် - ဒေါက်တာလဲ့လဲ့မော်
Donate to DVB

သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဦးထင်ကျော် လက်မှတ်ထိုး အတည်ပြုထားတဲ့ ပြည်နယ်တိုင်းလွှတ်တော်အသီးသီးမှာ အန်အယ်လ်ဒီက တင်သွင်းတဲ့ ၀န်ကြီးချုပ် အမည်စာ ရင်းတွေမှာ အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးပါဝင်ပါတယ်။

သူတို့တွေကတော့ ကရင်ပြည်နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်နဲ့ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် မဲဆန္ဒနယ်က (၁) တိုင်းဒေသကြီးလွှတ်တော် အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ဒေါက်တာ လဲ့လဲ့မော် ဖြစ်ပါတယ်။

မြန်မာ့သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒေါက်တာ လဲ့လဲ့မော်ကို သူရဲ့ ၀န်ကြီးချုပ်ကာလမှာ ဘာတွေလုပ်လုပ်ဆောင်မလဲဆိုတာကို မေးမြန်းထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်လာမယ့်အန်တီ့အနေနဲ့ တိုင်းဒေသကြီးအတွက် ပြီးခဲ့တဲ့အစိုးရထက် ဘာတွေလုပ်ဆောင်ပေးဖို့အစီစဉ်တွေရှိလဲ ပြောပြပေးပါဦး။
“မနေ့ကမှ သိတာဆိုတော့လေ လုပ်ဆောင်ဖို့အစီစဉ်ကတော့ ကျမတို့ ပါတီက ရက် ၁၀၀ စီမံကိန်းဆိုပြီးတော့ သပ်သပ်ထွက်လာမယ်လေ။ အဲတော့ တိတိကျကျတော့ ပြောလို့ မရသေးဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်ကတော့ ပြည်သူအတွက် အကောင်းဆုံး ကြိုးစားမယ်လို့ တော့ စဉ်းစားထားတာပေါ့နော်။ ”

အခုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ အရွေးခံရတဲ့ ၀န်ကြီးချုပ်တွေထဲမှာ အမျိုးသမီး ၂ ယောက်ပါတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမျိုးသမီးဝန်ကြီးချုပ်က ဒါ ပထမဆုံး နေရာရတာဖြစ်တယ်။ အဲတော့ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ နေရာရလာတဲ့အတွက်ကြောင့်မို့ အမျိုးသမီးတွေကို ဘာတွေ တိုက်တွန်း အားပေးချင်တာမျိုးတွေရှိလဲ။
“အမျိုးသမီးတွေအတွက်ကတော့ ဘာပဲဖြစ်ဖြစ် ကျမတို့က ဦးဆောင်တယ်၊ လမ်းပြတဲ့လူ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ကိုယ်ကျမတို့ ပိုပြီးတော့ ကြိုးစားပြရမှာပေါ့နော်။ အမျိုးသမီး ဆိုတာက စောင့်ရှောက်ရင် ကြီးတယ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့နော်။ ကျမတို့မှာ ပိုပြီးတော့ တာဝန်ကြီးလာတယ်လို့ ကျမကတော့ထင်ပါတယ်။ ”

အခုလောလောဆယ် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အန်တီတို့ တွေ့ရမြင်ရတဲ့ ပြဿနာဘာတွေ ရှိလဲ၊ အန်တီလက်ထက်မှာ ဘာတွေ ဘယ်လိုဖြေရှင်းပေးဖို့ရှိလဲရှင်။
“အခုလက်ရှိ လောလောဆယ် မြင်နေရတဲ့ ပြဿ နာကတော့ မြေယာပြဿ နာပေါ့နော်။ အန်တီတို့မှာက မြေလွတ်မြေရိုင်းများတယ်လေ။ အဲတော့ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြသနာတွေ ရှိတယ်။ အရင်အစိုးရလက်ထက်တုန်းက လုပ်ထားတယ်။ လယ်စိုက်နေတဲ့ မြေတွေကို အခြားသုံးပြုခွင့်ဆိုပြီး တခြားစီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့ ကိစ္စတွေလည်း လုပ်ဆောင်နေတာ အများကြီးရှိတယ်။ နောက်ပြီးတော သစ်တော ကြိုးဝိုင်းတွေ လိုမျိုးစသဖြင့် နိုင်ငံတော်ပိုင်မြေတွေကိုလည်း ပုဂ္ဂလိကပိုင်အဖြစ်လုပ်ပြီးတော့ ရောင်းစားတယ်။ မြေယာ ကတော့ ပြဿ နာ ကြီးကြီးမာမား အန်တီတို့ ဆီမှာရှိပါတယ်။ နောက်ဒုတိယ ပြဿ နာကတော့ လျှပ်စစ်ပေါ့နော်။ လျှပ်စစ်ကလည်း ဒို့ဆီမှာ ဂက်စ် ထွက်နေပေမယ့်လို့ ဖောင်စီးရင်း ရေငတ် ပေါ့နော် ဒို့တိုင်းက ဘာဖြစ်လို့လဲဆိုတော့ ပြည်မနဲ့လည်း အလှမ်းကွာဝေးတော့ အစကတည်းက လည်း လျှပ်စစ်ရရှိရေးလုပ်ငန်းကို ဘယ်အစိုးရလက်ထဲကမှလည်း စွမ်းစွမ်းတမံ မဆောင်ရွက်ခဲ့ ဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ အန်တီတို့ဆီမှာ အခုထက်ထိ လျှပ်စစ် တယူနစ်ကို ၃၀၀ ကျော် ပေးဝယ်သုံးနေရတဲ့ အနေအထားမှာပေါ့နော်။ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ဖို့ဆိုပြီး တော့ အခုတလော ကြိုးစားလာကြတယ်။ အခုထက်ထိရှိနေတဲ့ အစိုးရက။ အဲဒါကြောင့် အန်တီတို့အနေနဲ့ အဲဒီကိစ္စ ပြင်းပြန်းထန်ထန် ကန့်ကွက်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောက်မီးသွေးရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက အန်တီတို့ ပြည်သူတွေပဲ အထိနာ မှာလေ။ ”

တိုင်းဒေသကြီးအနေနဲ့ လုပ်ဆောင်ရမှာတွေအများကြီးရှိထဲအထဲက ပထမဦးဆုံး လုပ်ဆောင်ရမယ်ဆိုရင် အန်တီ့အနေနဲ့ ဘာတွေ လုပ်ဆောင်မှာလဲ။
“မြေယာ ပြဿ နာပါပဲ။ မြေယာပြဿ နာနဲ့ တရားဥပဒေ စိုးမိုးရေးပေါ့နော်။ အခုန ပြောသလို ဥပဒေဆိုတာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ၊ အန်တီတို့ ဒီမိုကရေစီရဲ့ အနှစ်သာရ မှာလည်း တရားဥပဒေစိုးမိုးရေးက အခန်းကဏ္ဍတခုမှာ ပါတယ်ဆိုတော့ အန်တီတို့က တရား ဥပဒေစိုးမိုးရေးကိုပဲ ဒုတိယအနေနဲ့ထားပြီးတော့ စဉ်းစားရမှာဖြစ်ပါတယ်။ ”

ဝန်ကြီးချုပ်အနေနဲ့ အရွေးခံရတယ်ဆိုတော့ အရင်တုန်းက ကမ်းလှမ်းခံရတာတွေရှိလားရှင်။
“မရှိပါဘူး။ အန်တီ့ကို တခါမှလည်း ဘယ်သူကမှ မကမ်းလှမ်းဖူးပါဘူး။ သူတို့ ၀န်ကြီးတွေ အတွက် အုပ်ချုပ်တဲ့လူကြီးတွေအတွက် ပေးတဲ့ အုပ်ချုပ်ရေးသင်တန်းတွေ ဘာတွေလည်း အန်တီတခါမှ မတက်ဖူးပါဘူး။ အန်တီက ကိုယ့်ကိုယ်ကိုလည်း တခါမှ မမျှော်မှန်းခဲ့ဖူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးလည်းဖြစ်နေတဲ့အတွက်ကြောင့် အန်တီက စိတ်လည်း မကူးခဲ့ဖူးပါဘူး။ ”

ဆိုတော့ ၀န်ကြီးချုပ်အနေနဲ့ ရွေးချယ်ခံလိုက်ရတဲ့အပေါ်မှာကော ဘာပြောချင်လဲ။
“အန်တီတို့ရဲ့ စိတ်ထဲမှာကတော့ အန်တီတို့ နိုင်ငံတော်အတွက် ရရှိတဲ့တဖက်တလှမ်း ကနေပြီးတော့ အန်တီတို့ လုပ်ဆောင်ပေးနိုင်မယ့် အတိုင်းအတာ အကုန်လုံး ကိုယ့်ရဲ့ ကိုယ်စွမ်း အားရော၊ ညာဏ်စွမ်းအားရော အန်တီရဲ့ သက်တမ်းမှာပေါ့နော် အခုရရှိတဲ့ သက်တမ်းမှာ အန်တီကတော့ အတတ်နိုင်ဆုံး အန်တီတို့ရဲ့ပြည်သူတွေ ကောင်းလာဖို့၊ တိုးတက်လာဖို့ အန်တီတို့ တနင်္သာရီတိုင်းကြီး တိုးတက်လာဖို့ အစွမ်းကုန်ပဲ လုပ်ပေးမယ်လို့ပဲ ရည်မှန်းထားပါ တယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013