DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ်များကို ရုံးတင်စစ်ဆေး
DVB
·
March 28, 2016
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ်များကို ရုံးတင်စစ်ဆေး
1 / 3
Donate to DVB

ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုသံသယနဲ့ ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ၁၃ ဦး ကို ရုံးတင်ပြီး သက်သေ ၃ ဦးကို ဒီကနေ့စစ်တွေ မြို့နယ်တရားရုံးက စစ်ဆေးခဲ့ပါတယ်။

အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်အေးနုစိန်က “ဒီကနေ့ ၁၁ နာရီမှာ သက်သေ ၃ ဦးစစ်ပါတယ်။ ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ၁၃ ဦး ရုံးတင်တယ်ပေါ့လေ။ နောက်တပတ်မှာ ပြန်ချိန်းထားပါတယ်”လို့ ပြောပါတယ်။

ဒီကနေ့ သက်သေ ၃ သုံးဦး စစ်ဆေးတယ်လို့ သိရပြီး၊ နောက်တပတ် ဧပြီ ၄ ရက်နေ့မှာ ပြန်လည်ရုံးချိန်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးခံထားရတဲ့ ၁၃ ဦးဟာလွန်ခဲ့တဲ့ နှစ်လလောက်က ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး နယ်မြေအသီးသီးက ဖမ်းဆီးခံထားရသူတွေ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တရားရုံးကနေ ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ် ပတ်သက်မှုရှိတယ်လို့ ဆိုပြီး မတ်လ ၁၆ ရက်နေ့ကလည်း ရခိုင်လူငယ် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။ (သတင်းဓာတ်ပုံ - ဇော်ခ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013