DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးနှင့် စီးပွားရေးက အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မည်
DVB
·
March 28, 2016
နိုင်ငံရေးနှင့် စီးပွားရေးက အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မည်
Donate to DVB

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ ဒုတိယအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ်အစည်းအဝေးကို မတ်လ ၂၇ (ဖက်ဆစ်တော်လှန်ရေး)နေ့က ရန်ကုန်မြို့မှာရှိတဲ့ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှာ ပြုလုပ်ခဲ့စဉ်မှာ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေ တည်ငြိမ်ပါက အိမ်ခြံမြေ ဈေးကွက်လည်း တည်ငြိမ်လာမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီပွဲမှာ UMFCCI ရဲ့ ဒုဥက္ကဋ္ဌဒေါက်တာမျိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အိမ်ခြံမြေဈေးကွက်အကြောင်းကို “အိမ်ခြံမြေဈေးကွက်နဲ့ ငါးကန်များဟာ ကျနော်တို့ ဒီလိုသာ နိုင်ငံရေးနဲ့စီးပွားရေး အခြေအနေတည်ငြိမ်နေမယ်ဆိုရင်၂၀၁၆ အကုန် ၂၀၁၇ မှာ ကျနော်ထင်ပါတယ်။ ပိုမို တည်ငြိမ်လာမယ့် အခြေအနေရှိတယ်လို့ ကျနော်ထင်ပါတယ်။” အခုလိုပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက အသင်းသူအသင်းသားတွေအားလုံးကို နိုင်ငံရဲ့ အခြေအနေအရ အထူး သတိပေးနိုးဆော် ထားရတာတွေ လည်းရှိပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကလည်း ရောင်းမှားဝယ်မှား မဖြစ်စေဖို့အတွက် “အရောင်းအ၀ယ်နဲ့ ပတ်သက်လို့ရှိရင်တော့ ရောင်းမှားဝယ်မှားမဖြစ်ဖို့၊ ပြည်သူတွေမှာ မှားယွင်းတဲ့ဒဏ်ကို မခံရဖို့ အမြဲတမ်းနှိုးဆော်ပေးနေတယ်။ ပြီးတဲ့အခါမှာလည်း နိုင်ငံတော်မှာလက်ရှိဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စမှာလည်း ပတ်သက် ဆက်နွယ်မှုမရှိဖို့ တချိန်တည်းမှာပဲ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာလည်း သိထားဆောင်ရွက်ကြဖို့ အမြဲတပ်လှန့်နှိုးဆော် ပေးပါတယ်။” လို့ ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှု အသင်းဟာ မြန်မာနိုင်ငံမှာ တစ်ခုတည်းသော နိုင်ငံကိုယ်စားပြုအသင်းဖြစ်ပြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ၃၅ ခုမြောက်ညီနောင်အသင်းဖြစ်ပါတယ်။ ဒီအသင်းဟာ တစ်နိုင်ငံလုံးအနေနဲ့ အဖွဲ့ခွဲပေါင်း ၂၀ မှာ အသင်းသားပေါင်း လေးထောင်ကျော် အထိရှိတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းကပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013