DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အကြီးကျယ်ဆုံး ခေါင်းဆောင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် တတိယနေရာ ရပ်တည်
DVB
·
March 28, 2016
ကမ္ဘာ့အကြီးကျယ်ဆုံး ခေါင်းဆောင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် တတိယနေရာ ရပ်တည်
Donate to DVB

ကမ္ဘာကျော် ဖော်ကျူး (Fortune) မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး ခေါင်းဆောင်စာရင်းမှာ လာမယ့်အစိုးရသစ်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သတင်းပြေးနေသူ ဒီမိုကရေစီကြယ်ပွင့် ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယနေရာမှာ ရှိနေတယ်လို့ ဖော်ပြခံခဲ့ရပါတယ်။

အသက် ၇၀ အရွယ် ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေဇုန်ဝက်ဘ်ဆိုက် တည်ထောင်သူ စီးပွားရေးလုပ်ငန်းရှင် ဂျက်ကော့ဘ်ဘက်ဇော့နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကဲလ်တို့ရဲ့ နောက် တတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေး လမ်းကြောင်းတလျှောက်မှာ ကြံ့ကြံ့ခံရပ်တည်ခဲ့ပြီး ဆယ်စုနှစ်ချီကြာအောင် နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေထိုင်ခဲ့ရသူတဦးအဖြစ် ကျော်ကြားခဲ့ပါတယ်။

ဖော်ကျူးမဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားသဖြင့် အုပ်ချုပ်ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်း ၃၀ နီးပါး အတိုက်အခံအဖြစ် ရပ်တည်ခဲ့သူဖြစ်တယ်လို့ ရည်ညွှန်း ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ သူနဲ့ ကာလရှည် လက်တွဲတိုက်ပွဲဝင်ခဲ့သူ ဦးထင်ကျော်က နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံး အရပ်သားအစိုးအဖြစ် ဖွဲ့စည်းနိုင်ခဲ့တာပါ။

ဖော်ကျူးမဂ္ဂဇင်းရဲ့ ခုလိုရွေးချယ်မှုဟာ ကမ္ဘာတလွှားမှ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာနဲ့ ပရဟိတလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ကိုင်နေကြပြီး တခြားသူတွေအတွက် စံပြဖြစ်စေတဲ့ ကမ္ဘာကို ပြောင်းလဲစေနိုင်တဲ့ အမျိုးသား၊ အမျိုးသမီး ၅၀ ကို ရွေးချယ်တာမျိုး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013