DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း ၀န်ကြီးချုပ်များအဖြစ် အတည်ပြု
DVB
·
March 28, 2016
ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း ၀န်ကြီးချုပ်များအဖြစ် အတည်ပြု
1 / 6
Donate to DVB

ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း ၀န်ကြီးချုပ်များအဖြစ် ဦးဖြိုးမင်းသိန်း၊ ဒေါက်တာ ဇော်မြင့်မောင်နှင့် မန်းဂျော်နီတို့ကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် တွေက ၀န်ကြီးချုပ်များအဖြစ် အတည်ပြု ခန့်အပ်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဲဆန္ဒနယ် ၂ က တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးမှာ ဒီနေ့ မနက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မန်း‌တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အမပူရ မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်‌‌ ဒေါက်တာ‌‌ဇော်မြင့်‌‌မောင်‌ကို သဘောတူခဲ့ကြပါ တယ်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ကျုံပျော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013