
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ နှစ်ပေါင်း ၇၀ လောက်အတွင်း အပူချိန် ၃၈.၅ ဒီဂရိစင်တီဂရိတ်နဲ့ စံချိန်တင်ပူပြင်းခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။
ပြီးခဲ့တဲ့အပတ် မတ်လ ၂၀ ရက်ကပဲ ထားဝယ်မြို့မှာ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်တင်ပူခဲ့ကြောင်း မိုးလေ၀သဌာနက သတင်းထုတ်ခဲ့ပြီး ခုတခါ မြိတ်မြို့မှာ စံချိန်တင် ပူပြင်းခဲ့တာ ဖြစ်ပါတယ်။
မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်တို့ထက် (၃) ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့တယ်လို့ ဖော်ပြပါတယ်။
အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ် သက်ရောက်မှုကြောင့် ဇွန်လကုန်လောက်ထိ နိုင်ငံတ၀န်း အပူချိန်မြင့်မားနိုင်တယ်လို့ မိုးလေ၀သဌာက သတိပေး ထားပါတယ်။











