DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီတင်မည့် ၀န်ကြီးချုပ်များ မတ် ၂၈ ရက် သိရမည်
DVB
·
March 27, 2016
အန်အယ်လ်ဒီတင်မည့် ၀န်ကြီးချုပ်များ မတ် ၂၈ ရက် သိရမည်
Donate to DVB

အန်အယ်လ်ဒီကတင်မယ့် ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ ဘယ်သူတွေ ဖြစ်လာကြမယ်ဆိုတာ မနက်ဖြန် သိကြရတော့မှာ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်၊ တနင်္လာနေ့မှာ ကျင်းပမယ့်  ပြည်နယ်တိုင်းအသီးသီးရဲ့ လွှတ်တော်အသီးသီးမှာ အန်အယ်လ်ဒီကတင်မယ့် ပြည်နယ်တိုင်းဝန်ကြီးချုပ်အမည်စာရင်းများ တင်သွင်းသွားမယ်လို့ ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေအဖြစ် ပြည်နယ်တိုင်းကို ခေါင်းဆောင်နိုင်မယ့်သူတွေကို ရွေးချယ်ထားတယ်လို့ သူက ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မူတည်ပြီးတော့မှ အဲ့ဒီပုဂ္ဂိုလ်တွေဟာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး  လွှတ်တော်တွေထဲက ကိုယ်စားလှယ် ဖြစ်ရမယ်၊ အဲ့ဒီကိုယ်စားလှယ်တွေထဲမှာ တိုင်း သို့မဟုတ် ပြည်နယ်ကို ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူ ဖြစ်ရမယ်။”

ပြည်နယ်တိုင်းဝန်ကြီးချုပ်များအဖြစ် အန်အယ်လ်ဒီကိုယ်စားလှယ်တွေချည်းပဲ ရွေးချယ်ထား တယ်လို့လည်း ပြောပါတယ်။

ပြည်နယ်တိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမယ်လို့ သတင်းထွက်နေသူတွေကတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိ၊ ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်း  ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်း ဒေါက်တာဇော်မြင့်မောင်၊ ရခိုင် ဦးညီပု၊ ရန်ကုန် ဦးဖြိုးမင်းသိန်းနဲ့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီ စသူတို့ ဖြစ်ကြပါတယ်။

အန်အယ်လ်ဒီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေကိုလည်း ပြည်ထောင်စုအစိုးရဖွဲ့သလို ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့မယ်လို့ မီဒီယာကို ထုတ်ပြောထားပါတယ်။

အန်အယ်လ်ဒီဦးဆောင်မယ့် ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေဟာ မတ် ၃၀ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့အတူ တပြိုင်နက် ကျမ်းကျိန်မှာဖြစ်လို့ မတ်လ ၂၈ ရက် ၀န်ကြီးချုပ်ရွေးပြီးရင် မတ်လ ၂၉ ရက်မှာ အစိုးရအဖွဲ့ ဖွဲ့ကြရမှာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်မှာတော့ အန်အယ်လ်ဒီပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေ အားလုံး လုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013