
ထိုင်းနိုင်ငံမြောက်ပိုင်း၊ မွိုင်ခရိုင် မယ်လကရင်ဒုက္ခသည်စခန်းမှာ မတ် ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်တဲပေါင်း ၁၆ လုံးဆုံးရှုံးခဲ့တယ်လို့ ဆီယမ်ရက်သ်အွန်လိုင်းသတင်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။
ခရိုင်မြို့တော်ဝန် ပီပက်အက်ခ်ဖာဖန်က မီးဟာ ဒုက္ခသည်စခန်းတွင်း ၈ ခုမြောက် အတန်း မီးဖိုတခုမှ စတင်လောင်ကျွမ်းခဲ့တာလို့ ပြောပါတယ်။
ဒုက္ခသည်စခန်းတွင်း နေထိုင်သူတွေနဲ့ ဆော့မွီအခြေစိုက် အမှတ် ၃၆ ခြေမြန်တပ်မှ မီးကို အချိန် ၂ နာရီနီးပါးကြာအောင် ငြိမ်းသတ်ခဲ့ပြီးမှ မီးငြိမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုထဲမှာ နိုင်ငံတကာရွှေ့ပြောင်းသွားလာမှုအဖွဲ့ (အိုင်အိုအမ်) အခြေစိုက်ရုံး၊ စေတနာ့ဝန်ထမ်းတွေ နေထိုင်ရာ လူနေတဲအိမ် ၁၁ လုံးပါဝင်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီနေရာနယ်စပ်ဒုက္ခသည်စခန်းတွေမှာ အရင်ကလည်း မကြာခဏမီးလောင် ကျွမ်းမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေလည်းရှိခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုအများစုဖြစ်ရတာဟာ မီးပေါ့ဆမှုကြောင့်ဖြစ်ရတာဖြစ်ပြီး စခန်း တွင်းနေထိုင်ကြတဲ့ အဆောက်အအုံတွေဟာ ၀ါးနဲ့ဆောက်လုပ်ထားကြတာဖြစ်လို့ မီး လောင်ကျွမ်းဖို့ ပိုလွယ်ကူတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။











