DVB Logo
Home
မြန်မာသတင်း
ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ရှမ်းနီ ညီလာခံ ကျင်းပ
DVB
·
March 26, 2016
ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ရှမ်းနီ ညီလာခံ ကျင်းပ
1 / 2
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီအမျိုးသားညီလာခံတရပ်ကို မန္တလေးမြို့မှာ ဒီနေ့စတင်ကျင်းပပြီး ဒီညီလာခံကနေ ရှမ်းနီတို့ရဲ့ ဘုံသဘောထားရပ်တည်ချက်တွေ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ညီလာခံဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးဝင်းခေါင်က ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ပထမအကြိမ်လုပ်တဲ့ ညီလာခံဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တင်သွင်းမယ့်မူတွေလည်း ချမှတ်သွားမယ်လို့ ပြောပါတယ်။

“ဒါ ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီအမျိုးသားညီလာခံ ကျင်းပတာပါ၊ဒီကရတဲ့ အချက်အလက်တွေက ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးညီလာခံကို တင်သွင်းမယ့် မူတွေ ကျနော်တို့ ရှမ်းနီတမျိုးသားလုံးရဲ့ ဘုံခံစားချက်တွေ ဘုံသဘောတူညီချက်တွေကို ဒီ ညီလာခံကြီးကနေ ထုတ်ပြန် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

စစ်ကိုင်းတိုင်း၊ ရှမ်းနီညီလာခံကို ဟုမ္မလင်းမြို့။ ကချင်ပြည်နယ်၊ ရှမ်းနီညီလာခံကို မိုးညှင်းမြို့တို့မှာ ကျင်းပခဲ့ပြီး အခု စစ်ကိုင်း၊ ကချင်နဲ့ မန္တလေးတိုင်းတို့က ရှမ်းနီတွေအားလုံး တက်ရောက်တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပနေတာ ဖြစ်ပါတယ်။

12523978_10207690276688471_6248796117675606267_n၂ ရက်ကြာ ကျင်းပမယ့် ညီလာခံကို ကချင်၊ ရှမ်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေထိုင်ကြတဲ့  ရှမ်းနီ ၅၀၀ လောက် တက်ရောက်ဆွေးနွေးနေကြတာဖြစ်ပြီး ညီလာခံအပြီးမှာ သဘော ထားကြေညာချက်တွေ ထုတ်ပြန်ဖို့ရှိပါတယ်။

နိုင်ငံတွင်းမှာ ရှမ်းနီအမျိုးသား ၁ သန်းကျော် နေထိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013