DVB Logo
Home
မြန်မာသတင်း
အ၀တ်ဗလာဖြင့် ဘုရားဖူးကားများကို နှောင့်ယှက်သည့် နိုင်ငံခြားသားအား ဖမ်းဆီး
DVB
·
March 26, 2016
အ၀တ်ဗလာဖြင့် ဘုရားဖူးကားများကို နှောင့်ယှက်သည့် နိုင်ငံခြားသားအား ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ ပုဂံမြို့မှာ အ၀တ်ဗလာနဲ့ ဘုရားဖူးကားတွေကို လိုက်နှောင့်ယှက်ခဲ့တဲ့ အင်္ဂလန်နိုင်ငံသား၊ ကမ္ဘာလှည့်ခရီးသည် လူငယ်တဦးကို ပုဂံကမ္ဘာလှည့် ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး စစ်ဆေးနေပါတယ်။

ပုဂံ၊ အာနန္ဒာဘုရားအနီးမှာ မတ်လ ၂၅ ရက် ညနေပိုင်းက အသက် ၂၀ လောက်ရှိတဲ့ အင်္ဂလန်နိုင်ငံသားဟာ အ၀တ်ဗလာနဲ့ ဘုရားဖူးကားတွေကို လိုက်တားနေတဲ့အတွက် ရဲကထိန်းသိမ်းပြီး စစ်ဆေးနေတယ်လို့ ကမ္ဘာလှည့် ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲက ဒုရဲမှူးဝင်းခိုင်က ပြောပါတယ်။

“ကိုယ်လုံးတီးနဲ့ ၀စ်လစ်စလစ် ဖြစ်နေတယ်လေ။ သူ့ရဲ့ ကျန်းမာရေးကြောင့်လား တချက်၊ နောက် မူးယစ်သောက်စားလို့လား တချက်၊ ဒေသကိုပဲ မလေးမစား လုပ်တာလား၊ ဒါလေးတွေကို ခွဲခမ်းစိတ်ဖြာပြီး ဆောင်ရွက်နေပါတယ်။ ဒီမှာ သံရုံးမရှိတော့ ရန်ကုန်က အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊ အဖြေမှန်တခု ရမှာပါ၊ အရေးယူဆောင်ရွက်ဖို့ အပိုင်း ရှိရင်လည်း အရေးယူ ဆောင်ရွက်မှာပါ။”

ပုဂံမှာ အခုလိုဖြစ်ရပ်မျိုး ပထမဆုံး ဖြစ်ပွားတာလို့လဲ ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ပုဂံမှာ ကမ္ဘာလှည့် ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲဝင် ၃၀ လောက်နဲ့ လုံခြုံရေးလုပ်ဆောင်နေပြီး အရင်နှစ်တွေက ဖြစ်ပွားခဲ့ဖူးတဲ့ လုယက်မှုတွေ မဖြစ်တော့တာ ၁ နှစ်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013