DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် ဘာသာရေး၊ လူမျိုးရေး ပြဿနာမဖြစ်အောင် ရက်ပေါင်း ၁၀၀ အတွင်း ညှိနှိုင်းသွားမည်
DVB
·
March 26, 2016
အစိုးရသစ်လက်ထက် ဘာသာရေး၊ လူမျိုးရေး ပြဿနာမဖြစ်အောင် ရက်ပေါင်း ၁၀၀ အတွင်း ညှိနှိုင်းသွားမည်
Donate to DVB

အစိုးရသစ်လက်ထက်မှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ မဖြစ်အောင် ရက်ပေါင်း ၁၀၀ အတွင်း ညှိနှိုင်းသွားမယ်လို့ သူရ ဦးအောင်ကိုက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည့်အပါအ၀င် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမယ့်သူတွေ တွေ့ဆုံအပြီးမှာ ပြောလိုက်တာပါ။

“သာသနာရေးက သာမာန်အားဖြင့် ကြည့်လိုက်ရင် သာသနာရေးပဲ။ သို့သော် သာသနာရေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေဟာ တခါတရံ နိုင်ငံရေး ဖြစ်သွားတတ်တယ်။ အစိုးရသစ်ရဲ့ လုပ်ငန်းဆောင်တာတွေ စလုပ်တဲ့အခါ အောင်မြင်စေလိုတဲ့ ပြည်သူပြည်သားတွေ၊ အဖွဲ့အစည်းတွေ၊  နိုင်ငံတကာတွေ ရှိသလိုပဲ မအောင်မြင်စေချင်တဲ့၊ ခေတ်နောက်ပြန်ဆွဲချင်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့ကလည်း ရှိကောင်းရှိနိုင်ပါတယ်။ ရှိနိုင်တဲ့အခါကျတော့ တိုင်းပြည်၊ လူမှုအဖွဲ့အစည်းထဲမှာ မငြိမ်မသက်ဖြစ်အောင် လုပ်မှာ မရှိဘူးလို့ မပြောနိုင်ဘူး၊  ရှိလာနိုင်တယ်” လို့ သူရ ဦးအောင်ကိုက ပြောပါတယ်။

သူဟာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အစိုးရသစ်နဲ့  သံဃာ့အဖွဲ့အစည်းကြားမှာ နားလည်မှုရှိအောင် ပထမဆုံး ရက် ၁၀၀ အတွင်း လုပ်မယ်လို့ သူက ဆိုပါတယ်။

“တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသနာ၊ အဲဒီအပြင် တခြားပေါ့ ဘာသာငယ်တွေ ရှိပါသေးတယ်။ ဒါကိုလည်း ထိတွေ့ပါမယ်။ ပြီးရင် အဓိက ဘာသာကြီး လေးရပ်က စိတ်ဝမ်းမကွဲကြေး၊ သူများသွေးထိုး သွေးခွဲတိုင်းလည်း မယုံကြည်ဖို့အတွက်၊ ဥပေက္ခာ ပြုဖို့အတွက်၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် အစီအမံ ရေးဆွဲဖို့ အတွက်လည်း လုပ်ပါမယ်။”

ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီရဲ့ အစိုးရ အဖွဲ့သစ်ဟာ မတ်လ ၃၀ ရက်နေ့မှာ ကျမ်သစ္စာဆိုမှာ ဖြစ်ပြီး ဧပြီ ၁ ရက်နေ့ တာဝန်တွေ စတင်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013