DVB Logo
Home
မြန်မာသတင်း
ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့သည့်ကျေးရွာ ဗိုလ်ချုပ်ပြန်ရောက်ပြီ
DVB
·
March 26, 2016
ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့သည့်ကျေးရွာ ဗိုလ်ချုပ်ပြန်ရောက်ပြီ
1 / 6
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း ဖက်ဆစ်ဂျပန်တွေကို တော်လှန်ရေးစခဲ့တဲ့ မကွေးတိုင်း၊ သရက်မြို့နယ်မှာ ပြသထားမယ့် ဗိုလ်ချုပ်ရုပ်တု ဒီနေ့ ရောက်ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ တော်လှန်ရေးစတင်ခဲ့တဲ့ မကွေးတိုင်း သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာမှာ ပြသထားမယ့် ကျွန်းနဲ့ထုလုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မတ် ၂၅ ရက်နေ့က ပခုက္ကူမြို့ကနေသယ်လာခဲ့ပြီး သရက်မြို့ကို ဒီနေ့ ရောက်ရှိခဲ့တာပါ။

“ဖက်စစ်ကို စတင်တော်လှန်ခဲ့တဲ့နေရာက ဒီပုဏ္ဏားရွာကလေးဆိုတာကို တိုင်းပြည်က မသိကြဘူး။ ဒါကိုလည်း ဖော်ထုပ်ချင်တာလည်း ပါတယ်။ မနှစ်ကတည်းက အခုလို ရုပ်တုလုပ်ဖို့ ရည်ရွယ်ထားခဲ့တာ။ အခုနှစ်တော့ လှူမယ့်သူလည်း ရှိလာတော့ အဲဒီသမိုင်းကို အဓိက သိစေချင်လို့ လုပ်တာ” လို့ ပွဲဖြစ်ရေးနာယက ဦးသိုက်စံထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်တို့ရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အစပြုခဲ့တဲ့နေရာကို တိုင်းပြည်တ၀န်းလုံးက သိစေချင်လို့ အခုလိုဗိုလ်ချုပ်ရုပ်တုကို စိုက်ပြီး ပြုလုပ်တာလို့ ရုပ်တုအလှူရှင် သမိုင်းပါမောက္ခ ဦးခင်မောင်ဆွေ (ငြိမ်း) က ပြောပါတယ်။

“အခုသိထားတဲ့ ၁၉၄၅ ခု မတ် ၁၇ ရက်နေ့မှာ ရန်ကုန်ကန်တော်မင်ပန်းခြံကနေ စခဲ့တဲ့ဟာက အင်္ဂလိပ်ကို တော်လှန်ခဲ့တာ။ အခုက ၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့မှာ ဂျပန်ကိုတော်လှန်ခဲ့တဲ့နေရာ၊ အဲဒါကို တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့တာ။ အဲဒီနေရာကို ဖော်ထုတ်ချင်တာ၊ ဗိုလ်ချုပ်ကိုလည်း ကြည်ညိုလို့ အခုလိုစီစဉ်တာပါ။”

ပုဏ္ဏားအုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်အောင်မြင့်က “ဒီပုဏ္ဏားကျေးရွာမှာ ဗိုလ်ချုပ်ကိုယ်တိုင်နေထိုင်ခဲ့ပြီး စစ်သားတွေကို စစ်ထွက်မိန့်ခွန်းပြောခဲ့တယ်။ နေရာ တစ်နည်းအားဖြင့် ဗိုလ်ချုပ်ကိုယ်တိုင်ဖက်ဆစ်တော်လှန်ရန်အတွက် မိန့်ခွန်းပြောသွားတဲ့ နေရာပါ။ ဒီသမိုင်းက ပျောက်ကွယ်နေသလိုဖြစ်နေလို့ အခုလို ပြန်လည်ဖော်ထုတ်လိုက်တာပါ။ ဒီရွာမှာ ဗိုလ်ချုပ်နေခဲ့တဲ့ အိမ်၊ နေရာ၊ စစ်ထွက်မိန့်ခွန်းကြေညာတဲ့ နေရာတွေအများကြီးရှိနေတယ်။ လမ်းပန်းဆက်သွယ်ရေးက အခုနှစ်မှ အနည်းငယ်ကောင်းလာတာ။ ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်နေရာတခုအဖြစ် ဖော်ထုတ်ပေးစေချင်ပါတယ်။”

၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖက်ဆစ်တို့ကို တော်လှန်ဖို့ အဲဒိပုဏ္ဏားကျေးရွာမှာ ၁၉၄၅-ခုနှစ် မတ်လ ၂၇-ရက်နေ့က အောင်မြေနင်းပြီး စစ်ထွက်မိန့်ခွန်းကြေညာတဲ့နေရာဖြစ်ပါတယ်။

ပုဏ္ဏားကျေးရွာမှာထားဖို့ ဗိုလ်ချုပ်အောင်ဆန်း ကျွန်းရုပ်တုကို ပခုက္ကူမြို့ကနေ သယ်လာခဲ့ပြီး ဒီနေ့ သရက်မြို့နယ်အတွင်း လှည့်လည်ခဲ့ပါတယ်။ အဲဒီကနေ ပုဏ္ဏားကျေးရွာကို ပို့ဆောင်မှာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့မှာတော့ တော်လှန်ရေးနေ့နဲ့အတူ ဗိုလ်ချုပ်ရုပ်တုဖွင့်ပွဲ အခမ်းအနားကိုပါ တပါတည်း ကျင်းပသွားမှာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013