DVB Logo
Home
မြန်မာသတင်း
စစ်တွေပွိုင့် ၀င်ကြေးမကောက်ခံရန် ၀န်ကြီးချုပ် အမိန့်ထုတ်ပြန်
DVB
·
March 26, 2016
စစ်တွေပွိုင့် ၀င်ကြေးမကောက်ခံရန် ၀န်ကြီးချုပ် အမိန့်ထုတ်ပြန်
1 / 5
Donate to DVB

စစ်တွေမြို့ နာမည်ကြီး အပန်းဖြေနေရာတခုဖြစ်တဲ့ စစ်တွေပွိုင့်ပြန်လည်ပြုပြင်ပြီးနောက် ၀င်ကြေးအဖြစ် အခကြေးငွေကိုယူပြီး လူတစုက ကောက်ခံနေတာကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန် တားမြစ်လိုက်ပါတယ်။

စစ်တွေမြို့ အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်လောက်က အခကြေးငွေကောက်နေတာကို ရပ်တန့်ပေးဖို့  အစည်းအဝေးရတရပ် စစ်ကဲတော်မင်းကျောင်းတိုက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီအရပ်ဘက်အဖွဲ့ ၄၀ ကျော် ရဲ့ သဘောတူညီချက်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာတစောင် ပေးအပ်ခဲ့ပြီးနောက် မတ် ၂၅ ရက်နေ့မှာ ၀န်ကြီးချုပ် ဦးမြအောင် လက်မှတ်နဲ့ စစ်တွေပွိုင့် အများပြည်သူလူထု အပန်းဖြေနေရာကို အခကြေးငွေ မကောက်ခံဖို့ အမိန့်စာထုတ်ပြန်လိုက်တာပါ။

စစ်တွေမြို့ လူ့မှုအရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်မှ ဦးဆောင်ကော်မတီဝင် (လျှပ်စစ်ဌာန) ဦးစိုးနိုင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

’’ပွိုင့်မှာတဦးတယောက်မှ တာဝန်ခံမှုမရှိဘဲနဲ့ ခွင့်ပြုချက်အရ လူတစုက ၀င်ကြေးဆိုပြီးတော့ ကောက်တာပေါ့ဗျာ။ အဲ့ဒီဝင်ကြေးကောက်တာကို ပြည်သူလူထုကမကျေနပ်ဘူး။ ပွိုင့်အပန်ဖြေနေရာက အများပြည်သူနဲ့ဆိုင်တဲ့နေရာဖြစ်တယ်။ ပွိုင့်ပြန်လည် ပြုပြင်မွမ်းမံတာကလည်း နိုင်ငံတော် ရန်ပုံငွေနဲ့ ပြန်လည်ပြုပြင်ထားတာပါ။ ဒီလိုမွမ်းမံထားတာကို လူတစုက ဘယ်သူမှခွင့်ပြုချက်အမိန့် မရှိဘဲ ကောက်ခံတယ်ဆိုတာကတော့ ပြည်သူတရပ်လုံးက လက်မခံဘူး။”

ဒါပြင် အခုလို စစ်တွေပွိုင့်မှ ၀င်ကြေးအဖြစ်ကောက်ခံနေတာကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် စည်ပင်ဌာနမှ တာဝန်ရှိသူတွေလည်း မသိရှိဘူးလို့ဆိုပါတယ်။

’’လူတစုက အသင်းအဖွဲ့တခုအနေနဲ့ ဖွဲ့စည်းပြီးတော့ တဆင့်ကောက်ခိုင်းတာပေါ့လေ။ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဒီကိစ္စကို မသိနိုင်ဘူးဆိုရင်တော့ ဒါက ကြားထဲက တယောက်ယောက် လုပ်နိုင်တဲ့လူ တစ်ယောက်က လုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုကောက်ခံနေတာ ၁ လကျော်၊ ၂ လလောက်တော့ရှိမယ်။ လူတစ်ယောက်ကို ၃၀၀ ကနေပြီးတော့ ၅၀၀ အထိပေါ့ဗျာ။ အရင်ကတော့ ပွိုင့်ဝင်ကြေးငွေ ကောက်ခံ တာတခါမှမရှိခဲ့ဘူးဗျ။”

စစ်တွေမြို့ အပန်းဖြေနေရာကို ၂၀၁၅ ခုနှစ်အစောပိုင်းက နိုင်တော်ရန်ပုံငွေ သိန်းပေါင်း တစ်သောင်းသုံးထောင် အကုန်ကျခံကာ ပြန်လည်မွမ်မံထားပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြည်ထောင်စု အကြိုနေ့မှာ ပြည်နယ်အစိုးရက အဲ့ဒီပွိုင့်အပန်းဖြေနေရာကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

သတင်းဓာတ်ပုံ - ဇော်ခ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013