DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်နှင့် နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကေအိုင်အို အကြံပေးအဖွဲ့ဖွဲ့မည်
DVB
·
March 26, 2016
အစိုးရသစ်နှင့် နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကေအိုင်အို အကြံပေးအဖွဲ့ဖွဲ့မည်
Donate to DVB

လာမယ့် ဧပြီမှာ စတင်တာဝန်ယူမယ့်  သမ္မတ ဦးထင်ကျော် အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့ ကေအိုင်အိုက ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းဖို့ရှိနေပါတယ်။

အဲဒီအဖွဲ့ထဲမှာ ကေအိုင်အို စစ်ဘက်အရာရှိ ၅ ဦး နဲ့ အရပ်ဘက်က ပုဂ္ဂိုလ် ၃၀ ကျော် ပါဝင်မယ်လို့  ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီအဖွဲ့ထဲမှာ ကေအိုင်အိုဘက်က ကချင်လွတ်လပ်ရေးကောင်စီ အထွေအထွေအတွင်းရေးမှူး ဦးလမာဂွန်ဖမ်းက ဦးဆောင်ပြီး  ကေအိုင်အို ဒုဥက္ကဋ္ဌ - ၂  ဗိုလ်ချုပ်ဂွန်မော်က အဖွဲ့ဝင်အဖြစ်ပါဝင်မှာဖြစ်တယ်။ အရပ်ဘက်က ပုဂ္ဂိုလ်တွေကတော့ အစက ၃၁ ဦးလို့ သတ်မှတ်ထားပေမယ့် လိုအပ်သလို ထပ်တိုးရင်လည်း တိုးနိုင်ပါတယ်။”

ဒီအဖွဲ့ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်ကနေ ၂၅ ရက်ထိကျင်းတဲ့ ကေအိုင်အို ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လောလောဆယ် အဖွဲဖွဲ့စည်းရေးကိစ္စကို ပီပီပြင်ပြင် မလုပ်ဆောင်ရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ကေအိုင်အိုဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ပေါ်ပေါက်လာရေးအတွက် ဦးဆောင်ကြိုးပမ်းရာမှာ ပါဝင်ခဲ့တဲ့အဖွဲ့ တဖွဲ့ ဖြစ်ပေမယ့်  ၂၀၁၅ နိုဝင်ဘာ  လက အစိုးရနဲ့ အန်စီအေ သဘောတူ လက်မှတ်ထိုးရာမှာတော့ ပါဝင်ခြင်းမရှိပါဘူး။

အစိုးရသစ်နဲ့ အစိုးရဟောင်း အကူးအပြောင်းကာလမှာလည်း ကေအိုင်အေ တပ်မဟာ ၄နဲ့  တပ်မဟာ ၆ နယ်မြေတွေမှာ အစိုးရတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားလျက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013