DVB Logo
Home
မြန်မာသတင်း
ရဲပစ်ခတ်မှုကြောင့် ဖားကန့်ကျောက်တူးသမား ၂ ဦး ဒဏ်ရာရ
DVB
·
March 26, 2016
ရဲပစ်ခတ်မှုကြောင့် ဖားကန့်ကျောက်တူးသမား ၂ ဦး ဒဏ်ရာရ
Donate to DVB

ဖားကန့်ဒေသက ကျောက်မျက်ကုမ္ပဏီဝင်းထဲကို ၀င်ရောက်ပြီး ရေမဆေးကျောက်ရှာဖွေသူတွေကို ကုမ္ပဏီလုံခြုံရေးရဲက ပစ်ခတ်တာကြောင့် ၂ ဦး သေနတ်ထိမှန်ပြီး ဖားကန့်ဆေးရုံမှာ ကုသနေတယ်လို့ ရွာသားတဦးက ပြောပါတယ်။

ဖားကန့်မြို ဆိပ်မှော်ကျေးရွာအုပ်စု နတ်မော်လုပ်ကွက် Ever Winner ကျောက်မျက်ကုမ္ပဏီဝင်းမှာ ဖြစ်တာလို့ဆိုပါတယ်။

ဒဏ်ရာရသူတွေကတော့ မော်လကင်ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်အောင်ရဲလင်း (အဘ-ဦးထွန်းအောင်ဖြူ) ဖြစ်ပါတယ်။ သူက ရခိုင်လူမျိုး၊ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖားပြင်ကျေးရွာကလို့ ဆိုပါတယ်။ ညာဘက်ပခုံးမှာ ဒဏ်ရာတချက်၊ ဘယ်ဘက်နားရွက်မှာ ဒဏ်ရာတချက်ရတယ်လို့ ဆိုပါတယ်။

နောက်တဦးကတော့ နတ်မော်ရပ်ကွက် ၃ နေ အသက် ၂၄ နှစ်အရွယ် မောင်ဇော်မင်းနိုင် (အဘ- ဦးဘိုးလှ) ဖြစ်ပါတယ်။ သူက ရခိုင်လူမျိုး၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရွှေချောင်းကျေးရွာဇာတိလို့ ဆိုပါတယ်။ သူ့ နဖူးမှာ ဒဏ်ရာတချက်ရတယ်လို့ဆိုပါတယ်။

ဒေသခံက “၂ ယောက်စလုံးကတော့ အသက်ဆုံးပါးဖို့တော့မရှိဘူး။ သို့သော် စိုးရိမ်ကောင်း စိုးရိမ်ရနိုင်တယ်။ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံကို တင်ထားတာပေါ့လေ” လို့ ပြောပါတယ်။

သူတို့ ၂ ဦးအပါအ၀င် ရေမဆေးကျောက်ရှာဖွေတဲ့လူအုပ်က ကုမ္ပဏီဝင်းအတွင်းကို အတင်းဝင်ရောက်ရှာဖွေလို့ ရဲက ပစ်ခတ်တာကြောင့် သေနတ်ထိမှန်ခဲ့တာလို့ သူက ပြောပါတယ်။

သူက “ပြည်သူတွေ တပိုင်တနိုင်လုပ်ကိုင်စားသောက်ခွင့်မရတော့ စားဝတ်နေရေးကျပ်တည်းပြီး အပြင်မှာ ရှာစားစရာနေရာမရှိလို့ ကုမ္ပဏီဝင်းမှာ ရှာစားဖို့ကြိုးစားတာ၊ မ၀င်ရဘူးလို့ ရဲတွေက တားတာပေါ့။ ရေမဆေးသမားကလည်း ရာချီထောင်ချီရှိတာပေါ့။ ရဲကလည်း ကြောက်ကြောက်နဲ့ ခုခံပစ်ခတ်လို့ ခုလို အနာတရဖြစ်သွားတာ” လို့ ပြောပါတယ်။ ဒီအမှုကို ဖားကန့်ရဲစခန်းက ကိုင်တွယ်နေတယ်လို့ဆိုပါတယ်။

ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်တွေအကုန်လုံးကို ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားတာကို အစိုးရသစ်လက်ထက်မှ ဖြေရှင်းမယ်လို့ ကျောက်တူးသမားတွေက မှော်ျလင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013