DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးများ အဂတိကင်းစင်ရေး ဒေါ်အောင်ဆန်းစုကြည် မှာကြား
DVB
·
March 25, 2016
ဝန်ကြီးများ အဂတိကင်းစင်ရေး ဒေါ်အောင်ဆန်းစုကြည် မှာကြား
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီအစိုးရတက်ရင် လုပ်ဆောင်မယ့် လုပ်ငန်းရပ်တွေကို ၀န်ကြီးဌာနအလိုက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ အဂတိကင်းစင်ကြဖို့ မှာကြားလိုက်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် လျာထားခံရသူ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ တရားဥပဒေစိုးမိုးရေးအဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီက ရွေးထားတဲ့ ၀န်ကြီး ၁၅ ယောက်တို့ တွေ့ဆုံပွဲမှာ ဒေါ်စုက မှာကြားခဲ့တာဖြစ်ပါတယ်။

“ရက်ပေါင်း ၁၀၀ တို့၊ ၆ လတို့၊ ၁ နှစ်တို့ အဲ့ဒါလေးတွေ ရှိတယ်လေ။ အဲ့ဒီမှာ စီမံကိန်းတွေ ရှိတာပေါ့။ ၀န်ကြီးဌာနအလိုက် ကိုယ်နဲ့ ဆိုင်တာတွေကို ကိုယ့်ဝန်ကြီးဌာနအလိုက် ကြိုတင်ပြင်ဆင်ပြီး လုပ်ထားရမယ်ပေါ့။ အဲ့ဒါကို ကျနော်တို့ အမြန်အကောင်အထည်ဖော် နိုင်အောင် လုပ်ရမယ်ပေါ့။ ကျန်တာက အဂတိတရားကင်းရှင်းရေး၊ ဒါတွေကို အဓိကထားပြောတဲ့ ကိစ္စတွေပေါ့။”

ဝန်ကြီးတွေအနေနဲ့ ပိုပြီး အပင်ပန်းခံကြဖို့၊ စွန့်လွှတ်ကြဖို့၊ ခြိုးခြံချွေတာကြဖို့ မှာကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကတင်တဲ့ ၀န်ကြီးများ တွေ့ဆုံမှုဟာ ပထမအကြိမ်ဖြစ်ပြီး ၃ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။

ဝန်ကြီးများ လုပ်ဆောင်မယ့် လုပ်ငန်းအစီအစဉ်တွေကို အမြန်ဆုံးတင်ပြကြရမှာဖြစ်ပြီး အန်အယ်လ်ဒီအစိုးရအဖွဲ့ဟာ မတ်လ၃၁ရက် လွှတ်တော်မှာ ကျန်းကျိန်ပြီး တာဝန်လွှဲပြောင်းရယူ မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013