DVB Logo
Home
မြန်မာသတင်း
ဘာသာရေးပဋိပက္ခ မဖြစ်ရန်နှင့် ဖြစ်လာပါက အလွယ်တကူဖြေရှင်းနိုင်ရေး ဆွေးနွေး
DVB
·
March 25, 2016
ဘာသာရေးပဋိပက္ခ မဖြစ်ရန်နှင့် ဖြစ်လာပါက အလွယ်တကူဖြေရှင်းနိုင်ရေး ဆွေးနွေး
Donate to DVB

ဘာသာရေးနဲ့ပတ်သက်ပြီး ပဋိပက္ခ မဖြစ်ဖို့နဲ့ ဖြစ်လာရင် အလွယ်တကူ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ကရင်ပြည်နယ် ဘားအံမြို့မှာ ဘာသာရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဘာသာရေးခေါင်းဆောင်တွေ ဆွေးနွေးပွဲကို ဘားအံမြို့ သုမေဒါရာမ ကြားတောရ ဘုန်းကြီးကျောင်းမှာ မတ်လ ၂၄ နဲ့ ၂၅ ရက်နေ့တွေက ပြုလုပ်ခဲ့ကြတာပါ။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဘာသာရေးခေါင်းတွေက ပြဿနာဖြစ်လာရင် အလွယ်တကူ ဆက်သွယ်ဖြေရှင်းနိုင်အောင် အဖွဲ့ကိုယ်စီ ဖွဲ့စည်းကြတယ်လို့ ဒီဆွေးနွေးပွဲ တက်ရောက်တဲ့ ကရင်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ နန်းစေးအွာက ပြောပါတယ်။

“အန်တီတို့ရဲ့ မြို့နယ်မှာ ရွာတော်တော်များများက ဘာသာစုံတွေရှိတယ်။ တရွာအေစုံရှိတဲ့ အခါကျတော့ အဲလိုနေရာမျိုးမှာ ထိလွယ်ရှလွယ်တယ်ပေါ့နော်။ အဲလိုမဖြစ်နိုင်အောင် ဒီဘာသာရေးအဖွဲ့အစည်းတွေက သွားပြီး တွေ့ဆုံဆွေးနွေးပွဲတွေလုပ်မယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နွေရာသီတုန်းကဆိုရင် အန်တီတိုမြို့နယ်မှာ  ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာ ဘုရားသွား တည်တာတွေရှိတယ်လေ။ အဲဒါနဲ့ပတ်သက်ပြီး ပြဿ  နာ အကြီးအကျယ်မဖြစ်အောင်၊ တကယ်လို့ ဖြစ်လာရင် အခုနက အန်တီတို့ ဖွဲ့လိုက်တဲ့အဖွဲ့တွေကနေ ၀ိုင်းဝန်းအဖြေရှာမယ်။ သက်ဆိုင်ရာကို ပြန်လည်တင်ပြပေးမှာပေါ့နော်။ ”

ဒီအစည်းအဝေးပွဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူ၊ဘာသာ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေအပြင် ကရင်ပြည်နယ်အတွင်း တလာခုန်၊ လယ်ကယ် ဘာသာတွေကို ကိုးကွယ်ယုံကြည်ကြတဲ့ သူတွေလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

တက်ရောက်လာတဲ့ ပါတီတခုစီက ပြဿနာဖြစ်လာရင် အလွယ်တကူဖြေရှင်းနိုင်ဖို့ သူတို့ အဖွဲ့ကိုယ်စီဖွဲ့စည်းပြီးခဲ့ကြတာလို့လည်း နန်းစေးအွာက ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ပြည်ထဲရေးနှင့်သာသနာရေးဌာနက ဦးစီးကျင်းပတာဖြစ်ပြီး ဒေသတွင်းက ဘာသာရေးခေါင်းဆောင် ၁၅၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013