Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အတ္ထုပ္ပတ္တိ ထုတ်ပြန်
DVB
·
March 25, 2016
12888525_994900243925128_9143542978109540383_o
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတဲ့ စကော့ မာစီရယ်လ်ဟာ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိပါတယ်။ သံအမတ်ကြီးရဲ့ တရားဝင်အတ္ထုပ္ပတ္တိကို အမေရိကန်သံရုံးရဲ့ အင်တာနက်ဝက်ဘ်ဆိုက် ကနေ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ စကော့မာစီရယ်လ် သံအမတ်ကြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မတ် ၂၊ ၂၀၁၆ မှ ယနေ့အထိ သံအမတ်ကြီး စကော့မာစီရယ်လ် အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၉ရက် တွင် အမေရိကန်ပြည်ထောင်စု ဆိနိတ်မှ အတည်ပြု ခန့်အပ်ခဲ့ပါသည်။ သံအမတ်ကြီးမာစီရယ်လ် သည် မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ် မတ် ၂၅ ရက် တွင် ရောက်ရှိပါသည်။ ယခုရာထူးမတိုင်မီက သံအမတ်ကြီးမာစီရယ်လ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုတွင် အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၂၀၁၃ ခုနှစ် သြဂုတ် မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းရာထူးတာဝန်ကို ဝါရှင်တန်၌ မထမ်းဆောင်မီ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အရှေ့တောင်အာရှနှင့်ဆက်ဆံရေး ကို တာဝန်ယူရသော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံရေးရာ သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သံအမတ်ကြီး မာစီရယ်လ် သည် နိုင်ငံခြားရေးဌာန၏လုပ်သက်ရင့်အကြီးတန်းအရာရှိတစ်ဦး ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနသို့ ၁၉၈၅ ခုနှစ်တွင် စတင်ဝင်ရောက် အမှုထမ်းခဲ့သည်။ ၎င်းသည် အရှေ့တောင်အာရှ ရေကြောင်းဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ အရှေ့တောင်အာရှ ကုန်းမြေမကြီးရုံး၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ဥရောပအရှေ့တောင်ပိုင်းဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သံအမတ်ကြီး မာစီရယ်လ် သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးလ် နှင့် တူရကီ နိုင်ငံ တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးနှင့်စီးပွားရေးလုပ်ငန်းများဆိုင်ရာရုံး၏ ငွေကြေးဆိုင်ရာဗျူရိုတွင်လည်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။ သံအမတ်ကြီး မာစီရယ်လ် သည် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်တွင် ကြီးပြင်းခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ် အင် ဖလက်ချာ ဥပဒေနှင့် သံတမန်ရေးရာ ဌာန မှ ဘွဲ့ရရှိခဲ့ ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024