DVB Logo
Home
မြန်မာသတင်း
ဦးသန်းရွှေက ဧရာဝတီတိုင်းအတွက် ဘုရားပဲဟု ၀န်ကြီးချုပ် ဦးသိန်းအောင်ပြော
DVB
·
March 25, 2016
ဦးသန်းရွှေက ဧရာဝတီတိုင်းအတွက် ဘုရားပဲဟု ၀န်ကြီးချုပ် ဦးသိန်းအောင်ပြော
Donate to DVB

ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ ဧရာဝတီတိုင်းအတွက်တော့ ဘုရားပဲလို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်း မြန်အောင်နဲ့ကြံခင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားတရှင်းကွန်ဂရစ်တံ တားသစ်ဖွင့်လစ်ပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ ဧရာဝတီတိုင်းမှာ တိုင်းမှူးဘဝကတည်းက သူရဲ့ ဒုတိယမွေးရပ်ဇာတိအဖြစ် သတ်မှတ်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က “ဧရာဝတီတိုင်းအတွက်တော့ ဘုရားပဲ။ ဧရာဝတီတိုင်းအတွက် ကျနော်တို့ ကိုးကွယ်ထားရမယ့်ဘုရားပဲ။ ဘာလို့လဲဆိုလို့ရှိရင် တိုင်းမှူးဘ၀နဲ့နေသွားကတည်းက ဒီဧရာဝတီတိုင်းကို ငါ့ရဲ့မွေးရာဇာတိပဲလို့ သူကိုယ်တိုင်ပြောဖူးတယ်” လို့ ပြောပါတယ်။

တံတားဖွင့်ပွဲကို မတ် ၂၄ ရက်နေ့ နံက် ၉ နာရီမှာဖွင့်လှစ်ခဲ့ပြီး မြန်အောင်နဲ့ ကြံခင်းမြို့နယ်က သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဖားတရှင်းချောင်းကို အရင်က မီးရထားဝန်ကြီးဌာနရဲ့ ရထားသုံးပြုတဲ့ တံတားကို ရထား၊ ကားနဲ့ ဆိုင်ကယ်တွေအဓိကထားအသုံးပြုနေကြတာဖြစ်ပြီး အခုတံတားသစ်ကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောက်လုပ်ပေးတာဖြစ်ပါတယ်။

ဒီတံတားကို တိုင်းဒေသကြီး အစိုးရက ဦးဆောင်တောင်းခံခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ ဒေသဖြစ်တာကြောင့် လုပ်ဆောင်ပေးတာလို့ ဦးသိန်းအောင်က ပြောပါတယ်။

“တိုင်းဒေသကြီး ဘတ်ဂျက်အနေနဲ့တင်ပြီး ရအောင်တောင်းခဲ့ပါတယ်။ နိုင်ငံတော်ကလည်း ဘာလို့ပေးလဲဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဘာလို့ထောက်ခံပေးလဲဆိုရင် ကျနော်တို့တွေရဲ့ဇာတိဒေသတွေဖြစ်လို့ပဲ။”

ဒီတံတားဖွင့်ပွဲကို အရင်ကတက်ရောက်ဖို့ အစီစဉ်မရှိပေမယ့် နှုတ်ဆက်စကားနဲ့ ကျေးဇူးတင် စကားပြောချင်တာကြောင့် တက်ရောက်လာတာလို့ ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပါ တယ်။

“ကျေးဇူးတင်စကားကတော့ တခြားမဟုတ်ပါဘူး။ ကျနော်နှစ်ပေါင်းများစွာပေါ့နော် ဒုတိယ၀န် ကြီးဘ၀နဲ့ ၆ နှစ်၊ ၀န်ကြီးဘ၀နဲ့ ၈ နှစ်၊ ၀န်ကြီးချုပ်ဘ၀နဲ့ ၅ နှစ် နှစ်ပေါင်း ၂၀ နီးပါး ၀န်ထုပ်ကြီးကျနော် ထမ်းခဲ့တာ နှစ်ပေါင်း ၂၀ နီးပါးကြာခဲ့ပါပြီ။ ခင်ဗျားတို့သံယောဇဉ်၊ ကိုယ့်တိုင်းဒေသကြီးသံယောဇဉ်၊ ဒေသရဲ့သံယောဇဉ်အစွဲနဲ့ မနားနိုင်ဘူးပေါ့နော် ဒီအသက် ၇၀ အဖိုးကြီးက၊ အသက် ၇၀ ဆိုတာ ကျ နော်တို့အပြင်မှာဆိုရင် တုတ်ထောက်ပြီးတော့မှ ဘုန်းကြီးကျောင်းသွားရမယ့်အရွယ်ဖြစ်နေပြီ၊ ကျနော်လည်း ဘုန်းကြီးကျောင်းကို တုတ်ထောက်သွားရမယ့်အရွယ်ဖြစ်နေပြီ။ အဲတော့ ကျနော်နားချင်သေးပါတယ်။ ဘယ်လိုနားရမှန်းမသိဘူး။ အခုတော့ ခင်ဗျားတို့က ကျနော့်ကို အနားပေးလိုက်တာပေါ့နော်။”

ဖားတရှင်းတံတာကို ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာပြီးစီးခဲ့ပါတယ်။ တံတား အရှည် ပေ ၄၈၆ ပေ လမ်းအကျယ် ပေ ၃၀နဲ့ ခံနိုင်ဝန် တန် ၆၀ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013