DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင် ၅ ဦး အမည်စာရင်းတင်သွင်း
DVB
·
March 25, 2016
ရွေးကောက်ပွဲကော်မရှင် ၅ ဦး အမည်စာရင်းတင်သွင်း
Donate to DVB

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရသူက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၅ ဦးအမည်စာရင်း တင်သွင်းလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှသိန်း၊ ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ဖြစ်ကြပြီး အဖွဲ့ဝင် ၅ ဦးအနက် ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းကို အဆိုပြုထားပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် အဆိုပြုထားတဲ့ ဦးလှသိန်းဟာ မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အစည်းဝေးအပြီး ဖြန့်ဝေမှာဖြစ်ပါတယ်။

သမ္မက တင်သွင်းထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို  ကန့်ကွက်ဖို့ ရှိပါက အထောက်အထားအခိုင်အလုံနဲ့  မနက်ဖြန် ၂၆ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းဖို့ ပြည်ထောင်စုလွတ်တော်ဥက္ကဋ္ဌက မန်းဝင်းခိုင်သန်းက ကြေညာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013