DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၏ ထိလွယ်ရှ လွယ်ကိစ္စများတွင် အန်အယ်လ်ဒီနှင့် ပူးပေါင်းဖြေရှင်းလို
DVB
·
March 24, 2016
ရခိုင်ပြည်နယ်၏ ထိလွယ်ရှ လွယ်ကိစ္စများတွင် အန်အယ်လ်ဒီနှင့် ပူးပေါင်းဖြေရှင်းလို
Donate to DVB

ရခိုင်ပြည်နယ်မှာ အများဆုံးအနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP)အနေနဲ့ ဘင်္ဂါလီ ကိစ္စအပါအဝင် ရခိုင်ပြည်နယ်ရဲ့ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေအတွက် အာဏာရပါတီ အန်အယ်လ်ဒီနဲ့ ပူးပေါင်းဖြေရှင်းချင်တယ်လို့ အဲ့ဒီပါတီရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “အဓိကတော့ ရခိုင်အမျိုးသားပါတီက အန်အယ်လ်ဒီပါတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီးလိုလားနေပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အကျပ်အတည်းကိစ္စတွေအတွက် ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေနိုင် မယ်။ အထူးသဖြင့် ဘင်္ဂါလီ ကိစ္စတွေပေါ့ သည်ကိစ္စတွေဟာတော်တော့ကို ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ထိလွယ်ရှလွယ်တဲ့ အခြေအနေမျိုးမှာ ရှိတဲ့အတွက် ဒါ တစ်ပါတီတည်းက လုပ်လို့ မအောင်မြင်နိုင်ဘူး”လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ ညနေ ၅ နာရီမှာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲမှာ တွေဆုံကြမှာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံဖို့ ရွေးကောက်ပွဲပြီးကာလကတည်းက တောင်းဆိုထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ရင် တင်ပြဖို့ကိစ္စတွေအတွက် ရခိုင်အမျိုးသားပါတီရဲ့ ပါတီတွင်း အစည်းအဝေးကိုလည်း ဒီနေ့နေ့လယ် ၂ နာရီက ပြုလုပ်နေပါတယ်။

သတင်း - အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013