DVB Logo
Home
မြန်မာသတင်း
မင်းသားဝေဠုကျော် ရိုက်ကူးသရုပ်ဆောင်ထားသည့် အညတရမိုးကောင်းကင် (ရုပ်သံ)
DVB
·
March 24, 2016
မင်းသားဝေဠုကျော် ရိုက်ကူးသရုပ်ဆောင်ထားသည့် အညတရမိုးကောင်းကင် (ရုပ်သံ)
Donate to DVB

ကချင်ဒေသ တိုက်ပွဲတခုမှာ သေဆုံးသွားတဲ့ တပ်မတော်သား သီဟသူရ အောင်သိန်းရဲ့  ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ အညတရမိုးကောင်းကင် ရုပ်သံဇာတ်ကားမှာ မင်းသား ဝေဠုကျော်၊ နေဒွေး၊ မင်းသမီး အေးမြတ်သူနဲ့  ဆောင်းဝတ်ရည်မေတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို မတ် ၂၇ ရက်မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့  ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)နဲ့  ဝေဠုကျော်တို့က ရိုက်ကူးထားတာပါ။

မင်းသား ဝေဠုကျော်ကတော့ အရက်အလွန်အကျွန်သောက်ပြီး စစ်ထောင်ကျ သွားပြီးနောက်ဘဝကို ပြန်ကြိုးစားသူ တပ်ကြပ်ကြီး ရဲသွေးအဖြစ်  ပါဝင် သရုပ်ဆောင်ထားပါတယ်။

အညတရ မိုးကောင်းကင် ဇာတ်ကားကို မတ် ၂၃ ၊ ၂၅ နဲ့ ၂၆ ရက်တွေမှာ စစ်တပ်ပိုင် မြ၀တီရုပ်သံချယ်နယ်က ထုတ်လွှင့် ပြသပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013