DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ဘာသာပေါင်းစုံ နီးနှောဖလှယ်ပွဲ ကျင်းပမည်
DVB
·
March 23, 2016
ဘားအံတွင် ဘာသာပေါင်းစုံ နီးနှောဖလှယ်ပွဲ ကျင်းပမည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြည်ထဲရေးနှင့်သာသာနာရေးဌာနက ဦးစီးပြီး ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ကရင်ပြည်နယ် ဘားမြို့မှာ မတ်လ ၂၄- ၂၅ ရက်တွေမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဘာသာရေးနဲ့ပတ်သက်ပြီး ပဋိပက္ခမဖြစ်ဖို့နဲ့ ဖြစ်လာရင် အလွယ်တကူဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဒီနှီးနှောဖလှယ်ပွဲလုပ်တာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ဆရာတော် အရှင်စန္ဒာဝရ က ပြောပါတယ်။

“ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ ဘာသာနဲ့ပတ်သက်လို့ရှိရင် ပဋိပက္ခတွေ မဖြစ်အောင်၊ ဖြစ်လို့ရှိရင်လည်း အလွယ်တကူဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီးတော့၊ ချစ်ချစ်ခင်ခင် ပူးပူးပေါင်းပေါင်းနေသွားဖို့၊ အဲဒီရည်ရွယ်ချက်နဲ့ ဦးဇင်းတို့ လုပ်တာပါ။”

ဒီနှီးနောဖလှယ်ပွဲကို  အစောပိုင်းက ဇွဲကပင်ခန်းမမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဇွဲကပင်ခန်မမှာ တီဗွီရောဂါတိုက်ဖျက်ရေး အခမ်းအနားပြုလုပ်ဖို့ရှိတဲ့အတွက် အာဏာပိုင်တွေက ခွင့်မပြုတော့ဘဲ ကြားတောရ ဘုန်းကြီးကျောင်းမှာ ပြောင်းလဲကျင်းပရတယ်လို့လည်း ဦးစန္ဒ၀ရက မိန့်ပါတယ်။

ဘာသာပေါင်းစုံးနှီးနောဖလှယ်ပွဲကို တက်ရောက်ဖို့ ကရင်ပြည်နယ်အတွင်းက ဘာသာပေါင်းစုံက လူပေါင်း ၁၅၀ လောက် ဖိတ်ကြားထားတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013