DVB Logo
Home
မြန်မာသတင်း
၆၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားများ ကျင်းပ
DVB
·
March 23, 2016
၆၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားများ ကျင်းပ
1 / 3
Donate to DVB

ဒီကနေ့ တပေါင်းလပြည့်မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား တွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာအပြင် ပင်လုံ၊ ပင်လောင်း၊ ဆီဆိုင် အစရှိတဲ့ မြို့နယ်တွေမှာရော မွန်ပြည်နယ်နဲ့  ကရင်ပြည်နယ်တွေမှာပါ ကျင်းပနေပါတယ်။

ဗဟိုအနေနဲ့ အစည်ကားဆုံးကျင်းပတဲ့ တောင်ကြီးမြို့က ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား မှာတော့ တောင်ကြီးမြို့နယ်အနီးနားတ၀ိုက် ကျေးရွာအုပ်စုရှိ ပအိုဝ်းတိုင်းရင်းသားတွေရော၊ ရှမ်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ကိုယ်စားလှယ် တွေပါ လူဦးရေ သောင်းနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ စာစီစာကုံးရေးသားပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေ ကိုတော့ မတ်လ ၁၉ ရက်နေ့ကတည်းက ကျင်းပခဲ့ပြီး ဒီနေ့မှာတော့  မင်းကျောင်းတိုက်ကနေ   ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် ပဒေသာပင်ပေါင်း ၃၅၀၀ ကျော်နဲ့ စီတန်းလည့်လှည် ကာ ပထမတောင်ကျောင်းကြီးကျောင်းတိုက်မှာ လာရောက်လှူဒါန်းခဲ့တယ်လို့  ၆၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကျင်းပရေးကော်မတီဝင် ဦးခွန်မောင်မောင်ထွန်းက ဒီဗွီဘီကို ပြောပါ တယ်။

ဒီနေ့မှာဘဲ စာအောင်သံဃာတော်များ ဘွဲ့တံဆိပ်ဆက်ကပ်ချီးမြှင့်ပွဲကျင်းပခဲ့ပြီး ညနေပိုင်းမှာတော့ ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ရှမ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဓနု၊ ကိုးကန့်၊ ကချင် အစရှိ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့အတူ ညစာစားပွဲကျင်းပဖို့ ရှိတယ်လို့ သူက ဆက်ပြောပါ တယ်။

ပအိုဝ်းအမျိုးသားနေ့ကို ရှေးခေတ် သုဝဏ္ဏဘူမိ သထုံပြည်ရဲ့ ဘုရင်တပါးဖြစ်သူ သူရိယစန္ဒာ- ပအိုဝ်းမင်းရဲ့မွေးနေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို  အစွဲပြု သတ်မှတ်ခဲ့တာဖြစ်ပြီး ပထမဆုံး အကြိမ် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ၁၉၄၇ ခုနှစ်က မွန်ပြည်နယ် သထုံမြို့မှာ ကျင်းပခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013