DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အသုံးစရိတ် ချွေတာရန် အစိုးရသတင်းစာ ထောက်ပြ
DVB
·
March 23, 2016
လွှတ်တော်အသုံးစရိတ် ချွေတာရန် အစိုးရသတင်းစာ ထောက်ပြ
Donate to DVB

အုပ်ချုပ်ရေးပိုင်းက ပြည်သူ့ဘဏ္ဍာငွေကို ခြိုးခြံချွေတာဖို့ လုပ်သလို လွှတ်တော် အသုံးစရိတ်တွေလည်း ချွေတာဖို့ သင့်တယ်လို့ အစိုးရပိုင်သတင်းစာက ဝေဖန်ထောက်ပြ လိုက်ပါတယ်။

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် နိုင်ဆွေချစ်ဆိုသူရေးသားတဲ့ အရေအတွက် စွမ်းဆောင်နိုင်မှု ဟန်ချက်ညီညီဆိုတဲ့ ဆောင်းပါးမှာ ခုလို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဆောင်းပါးမှာ ၀န်ကြီးဌာနအရေအတွက် ၁၈ ခုထိ လျှော့ချခဲ့တာနဲ့ပတ်သက်လို့ အချက် ၅ ချက်နဲ့ ဝေဖန်ထောက်ပြခဲ့ပြီး ဒီထဲ လွှတ်တော်အသုံးစရိတ်လျှော့ချဖို့ တိုက်တွန်းဖော်ပြခဲ့ပါတယ်။

သူက လွှတ်တော်ကိုယ်စားလှယ်များရဲ့ လစာတိုးမြှင့်ခံစားခဲ့လို့ လွှတ်တော်နှစ်ရပ်ပေါင်း ကျပ်သန်း ၄၇ ဘီလီယံ ကျခံသုံးစွဲခဲ့ရတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို ကော်မတီကော်မရှင်တွေမှာ ထည့်သွင်းဖွဲ့စည်းလို့ ထပ်ဆောင်းကုန်ကျငွေတွေ ရှိခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် လွှတ်တော်အသုံးစရိတ် ပြည်ထောင်စုလွှတ်တော်မှာ ကျပ်သန်းပေါင်း ၁၇၀၀ ကျော် သုံးစွဲခဲ့တယ်။ အလားတူ ပြည်သူ့လွှတ်တော်က ကျပ်သန်းပေါင်း ၉၁၀၀ ကျော်၊ အမျိုးသားလွှတ်တော်က ၇၆၀၀ ကျော် သုံးစွဲခဲ့တယ်လို့ ကိန်းဂဏန်းအချက်အလက် တိတိကျကျနဲ့ ဆောင်းပါးမှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ပထမအကြိမ်လွှတ်တော်တုန်းက ဖောင်းပွခဲ့တဲ့ ကော်မတီအရေအတွက်ကို လျှော့ချဖွဲ့စည်း သင့်ကြောင်းလည်း ဆောင်းပါးရှင်က ထောက်ပြခဲ့ပါတယ်။

ဝန်ကြီးဌာနတွေ လှျေ့ချဖွဲ့စည်းခဲ့တာနဲ့ပတ်သက်လို့တော့ ဆက်သွယ်ရေးဌာန၊ မွေးမြူရေး ၀န်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနနဲ့ အမျိုးသားစီမံကိန်းဝန်ကြီးဌာနတို့ကို တခြားဌာနတွေနဲ့ ပေါင်းစည်းဖွဲ့စည်းခဲ့တာ မဖြစ်သင့်ဘူးလို့ နိုင်ဆွေချစ်ရဲ့ဆောင်းပါးမှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။

မတ်လ ၂၁ ရက်ကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အစိုးရအဖွဲ့သစ်မှာ ၀န်ကြီးဌာန ၂၁ ခုနဲ့ ၀န်ကြီး ၁၈ ဦး ထားရှိဖို့ သဘောတူဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013