DVB Logo
Home
Lead Story
မျက်နှာတွင် တက်တူးထိုးထားသည့် ချင်းအမျိုးသမီးများ၏ ဓာတ်ပုံပြပွဲ ပြုလုပ်မည်
DVB
·
March 23, 2016
မျက်နှာတွင် တက်တူးထိုးထားသည့် ချင်းအမျိုးသမီးများ၏ ဓာတ်ပုံပြပွဲ ပြုလုပ်မည်
1 / 3
Donate to DVB

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းလမ်းက အရင် ပန်းချီပန်းပုကျောင်းဟောင်းမှာ ရှိတဲ့ Gothe Villa မှာ ချင်းအမျိုးသမီးတွေရဲ့ မျက်နှာမှာ ရေထိုးထားတဲ့ တက်တူးလက်ရာ ဓာတ်ပုံပြပွဲနဲ့ အင်ဒိုနီးရှား ယိုဂျာကာတာမြို့က ရုပ်သေးကပွဲတွေ ပြုလုပ်ဖို့ ရှိပါတယ်။

ဒါ့အပြင် ကျောင်းသားတွေနဲ့ ပညာရှင်တွေရဲ့ သရုပ်ဖော်ကပွဲ၊ မြန်မာ လူငယ်တွေအတွက် မဇ္ဈိမ မာတီမီဒီယာ ဗီဒီယိုမဂ္ဂဇင်းအစီအစဉ် သင်တန်းထောက်ပံ့မှု စတာတွေကို ပြုလုပ်သွားဖို့ ရှိပါတယ်။

မတ်လ ၂၅ ရက်နေ့ ညနေ ၆ ခွဲမှာ ဂီတဖျော်ဖြေပွဲကို အခမဲ့ဝင်ကြေး ကြည့်ရှုခွင့်ရမှာပါ။ ၂၈ ကနေ ဧပြီ ၈ အထိ ပြပွဲကိုတော့ မနက် ၁၀ ကနေ ည ၆ နာရီအထိ ပြသသွားမှာ ဖြစ်ပြီး ၂၉ ရက်နေ့ ည ၆ နာရီခွဲမှာ ရုပ်သေးဇာတ် နိုင်ငံရေးပြဇတ် ကွန်မြူနစ်ဝါဒီတွေကြောင့် လူပေါင်းသိန်းချီ သေခဲ့ရတဲ့ ဆူကာနိုကနေ ဆူဟာတို အကူးအပြောင်း ပြဇာတ်ကို ကပြသွားမှာဖြစ်ပါတယ်။

Gothe -Institut ဂျာမန်ယဉ်ကျေးမှုဌာနကို လွန်ခဲ့တဲ့၂နှစ်က ဂျာမနီနိုင်ငံ ဖယ်ဒရယ်သမ္မတ Joachim Gauck က စတင်ဖွင်လှစ်ပေးခဲ့တာပါ။ အဲ့ဒီကနေမှ လက်ရှိ Gothe villa လို့ခေါ်တဲ့ ယခင် ပန်းချီပန်းပုကျောင်းဟောင်းမှာ ယဉ်ကျေးမှုပြပွဲတွေ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013