DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှု အခြေအနေ အဆိုးဆုံးရောက်
DVB
·
March 22, 2016
မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှု အခြေအနေ အဆိုးဆုံးရောက်
Donate to DVB

မြန်မာနိုင်ငံရဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု အခြေအနေတွေဟာ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ လက်ရှိအချိန်အထိ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ မတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ  ကင်းစင်ရေးနေ့ အခမ်းအနားမှာ လူ့အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုသွားတာပါ။

“ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တာဝန်အရှိဆုံး လူ့အခွင့်အရေးကောင်စီမှာ သုံးသပ်ဖို့ ရှိပါတယ်။ နောက်တခုကတော့ စပါယ်ရှယ်ပရိုစီဂျာလို့ ခေါ်ပါတယ်။ စပါယ်ရှယ်ပရိုစီဂျာ ဖြစ်ဖို့အတွက်ကတော့ တော်ရုံတန်ရုံနိုင်ငံ ဖြစ်လို့မရပါဘူး။ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ကမ္ဘာကသိအောင် ချိုးဖောက်သော နိုင်ငံမျိုးမှ ဒီစာရင်းဝင်တာ ဖြစ်ပါတယ်။ အဲ့ဒါကိုတော့ စပါယ်ရှယ်ပရိုစီဂျာ အရလို့ ကျနော်တို့ ခေါ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်တွေဟာ ဦးနေဝင်းရဲ့ မဆလအစိုးရ လက်ထက်မှာ စတင်ခဲ့တာလို့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်ကိုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုယ်တိုင်က လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု လက္ခဏာတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“ဒီ ကွန်စတီကျူးရှင်းဟာ တကယ်ပဲ လူမျိုးရေးခွဲခြားမှုမရှိတဲ့ ကွန်စတီကျူးရှင်း ဖြစ်ခဲ့မယ်ဆိုရင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု အရိပ်အယောင်တွေပါတဲ့ ဥပဒေတွေ ဘာဖြစ်လို့ ဆက်လက်ပြီးတော့ ထွက်ပေါ်လာရတာလဲ၊ ၂၀၁၂ နောက်ပိုင်းမှာ၊ ဒီဥပဒေတွေ၊ တည့်ပြောရရင် မျိုးစောင့်ဥပဒေလိုဆိုတဲ့ ဟာမျိုးတွေက လူမျိုးရေး၊ ဘာသာရေးကို ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေဆိုတာ ကျနော်တို့ ရိပ်မိကြမှာပါ။”

ဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံအနှံ့အပြား ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် ကုလသမဂ္ဂရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရတာပါ။

အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တာဖြစ်ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013