DVB Logo
Home
မြန်မာသတင်း
နိုင်သက်လွင်အကြောင်း တစေ့တစောင်း
DVB
·
March 22, 2016
နိုင်သက်လွင်အကြောင်း တစေ့တစောင်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမယ့်အစိုးရသစ်ရဲ့ ၀န်ကြီးဌာနတွေနဲ့ ၀န်ကြီး အမည်စာရင်းတွေကို လွှတ်တော်ထဲမှာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးဌာန ၂၁ ခုထဲက တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ၀န်ကြီးအဖြစ် ခန့်အပ်ဖို့ လျာထားခြင်းခံရတဲ့ နိုင်သက်လွင်ဟာ မွန်အမျိုသားပါတီရဲ့ ဒု-ဥက္ကဋ္ဌ ၁ အဖြစ်တာဝန်ယူ ထားသူဖြစ်ပါတယ်။

နိုင်သက်လွင်က ၁၉၈၈ မတိုင်ခင်ကတည်းက မွန်ဒီမိုကရေစီပါတီမှာ ပါဝင်လှုပ်ရှား ခဲ့သူဖြစ်ပြီး မွန်နှစ်ပါတီပူးပေါင်း ဖွဲ့စည်းလိုက်ချိန်မှာ သူ့ကို ဒု-ဥက္ကဋ္ဌ ၁ တာဝန်အဖြစ် ခန့်အပ်ထားပါတယ်။

နိုင်သက်လွင်အကြောင်းနဲ့ပတ်သက်လို့ မွန်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ၂ နိုင်ငွေသိန်းက သူသိ သလောက်ပြောပြထားပါတယ်။

“သူဟာ ဒသနိကဗေဒနဲ့ ဘွဲ့ရထားပြီး အစောပိုင်းက အပြင်မှာ အငှားဆရာအဖြစ်လုပ် ဆောင်ခဲ့ပြီးနောက်ပိုင်းမှာ စီးပွားရေးလုပ်တယ်လေ။ စီးပွာရေးဖြစ်လာတော့ သူတို့က တော ကနေ မော်လမြိုင်ပြန်၊ မော်လမြိုင်ကနေ အခုဆိုရင် ရန်ကုန်ပြောင်းကြတယ်လေ။ သူ့သား သမီးတွေဆိုလို့ရှိရင် အားလုံးစီးပွားရေးသမားတွေချည်းပါပဲ။ အဲဒီကြားမှာ သူ့သမီးတယောက်က ရွေဘိုကလူတယောက်နဲ့အိမ်ထောင်ကျတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သူဝင်ရွေးတဲ့အခါ ကျတော့ ဒီပေါင်းမြို့နယ်မှာ သူက အန်အယ်ဒီပါတီအနေနဲ့ အမတ်ရထားတဲ့အနေအထားရှိ တာပေါ့။ နိုင်သက်လွင်ကတော့ မူရင်းပါတီမှာတော့ ပထမမွန်ဒီမိုကရေစီပါတီပေါ့။ မွန်ဒီမိုကရေ စီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပေါင်းတဲ့အခါကျတော့ သူကလည်း ဒု-ဥက္ကဋ္ဌဖြစ်လာတယ်။ အခုထိလည်း ဒုဥက္ကဋ္ဌပေါ့။”

နိုင်သက်လွင်ဟာ လက်ရှိ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းရဲ့ ဖခင်ဖြစ်ပါတယ်။

နိုင်သက်လွင်ကို အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးဌာန၀န်ကြီးအမည်စာရင်းမှာ ထည့်သွင်းထားပေမယ့် အန်အယ်လ်ဒီအနေနဲ့ မွန်အမျိုးသားပါတီကို တရားဝင်အကြောင်းကြား ထားတာမရှိဘူးလို့လည်း နိုင်ငွေသိန်းက ပြောပါတယ်။

နိုင်သက်လွင်အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူရမယ်ဆိုရင်တော့ တိုင်းရင်းသားလူမျိုးတွေ လိုလားတဲ့အချက်တွေကို လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားရေးရာ ၀န်ကြီးဖြစ်လာမယ်ဆိုရင် တိုင်းရင်းသားအားလုံးအတွက် သူလုပ်ပေးရ မှာပေါ့။ မွန်အနေနဲ့ကတော့ မွန်လည်းတိုင်းရင်းသားတခု အပါအ၀င်ဆိုတော့ မွန်အနေနဲ့ သူလုပ်ရမှာပေါ့။ တိုင်းရင်းသားတွေတောင်းဆိုထားတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဘာညာကတော့ သူလုပ်ပေးရမှာပေါ့။ သူလုပ်နိုင် တယ်မနိုင်ဘူးဆိုတာ မသိဘူးလေ။ လုပ်မယ်ဆိုရင်တော့ ဒို့ကနားလည်တာက အန်အယ်လ်ဒီပါတီရဲ့ မူဝါဒအတိုင်း သွားရမယ်လို့ထင်တယ်လေ။ ဒို့က သဘောတူမယ်၊ မတူဘူး ဆိုတာကတော့ ဘာမှသိပ်ဟိုဟာ မဖြစ်ပါဘူး။ ဒါပေမယ့် တကယ်ဆိုရင် အန်အယ်လ်ဒီကတော့ ဒိုပါတီကို ပထမဦးဆုံး အကြောင်းကြား၊ အကြောင်းကြားပြီးဆွေးနွေး၊ ကာယံကာရှင်ကိုယ်တိုင် လုပ်ချင်တယ် ဆိုရင်တော့ သွားပေါ့။ ဒါပဲရှိတာပေါ့။ အခုလောလောဆယ်တော့ အကြောင်းကြားတာ မတွေ့ရသေးဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013