DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မိုးပျံရထား လျှပ်စစ်မီးပြတ်၍ ခရီးသည်များ မူးမေ့
DVB
·
March 21, 2016
ဘန်ကောက်တွင် မိုးပျံရထား လျှပ်စစ်မီးပြတ်၍ ခရီးသည်များ မူးမေ့
1 / 2
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ရမ်းခမ်းဟိုင် နယ်မြေထဲမှာ မတ်လ ၂၁ ရက် မနက် ၇ နာရီ ၄၀ မိနစ် ၀န်းကျင်က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မိုးပျံရထားပေါ်ကလူတွေ တံခါးဖွင့်မရဘဲ အ သက်ရှူကြပ်ကာ မူးမေ့သူတွေ ရှိခဲ့ပါတယ်။

[caption id="attachment_140442" align="alignleft" width="386"]ဓာတ်ပုံ - dailynews ဓာတ်ပုံ - dailynews[/caption]

Airport Rail Link လို့ခေါ်တဲ့ အဆိုပါ မိုးပျံရထားဟာ သုဝဏ္ဏဘူမိမှ ဖယားထိုင်းကို ဦးတည်ခုတ်မောင်း နေတာဖြစ်ပြီး ဟိုမက်နဲ့  ရမ်ခမ်းဟိုင်ဘူတာ ၂ ခုကြားမှာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံခဲ့ရတာလို့  ထိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

မီးပြတ်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ပြီး တံခါးဖွင့်လို့မရသေးခင် ခရီးသည်များစွာ အသက်ရှူကြပ်မှု ခံစားရကာ လူ ၇ ဦးမေ့လဲသွားပြီး ဆေးရုံ ၅ ခုဆီ ခွဲပြီးပို့ဆောင်ပေးခဲ့ရတယ်လို့ ကယ်ဆယ်ရေး အသင်းဝင်တဦးရဲ့အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကောင့် မိုးပျံရထားတွဲ ၉ တွဲအနက် ၆ တွဲသာ ပြေးဆွဲခဲ့ရပြီး ခရီးစဉ် ၁၂ မိနစ်စာ ကြန့်ကြာနှောင့်နှေးခဲ့ရတယ်လို့  ရထားဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

မနက် ၁၀ နာရီ  ၁၅ မိနစ်အချိန်မှာ ရထားကို ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ခဲ့ပေမယ့်လည်း မနက်က ဖြစ်သွားတဲ့ကိစ္စမှာ တာဝန်ရှိသူတွေက ကြိုတင်အသိမပေးတာ၊ ခရီးသည်တွေကိုယ်တိုင် အရေးပေါ်တံခါးဖွင့်ခွင့်မပြုခဲ့တာတွေကြောင့် လူမှုကွန်ရက်တွေမှာပါ ပြစ်တင်ဝေဖန်လျှက်ရှိ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013