DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် ခွဲခြားမှုများ မရှိရန်လိုကြောင်း ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ပြော
DVB
·
March 21, 2016
အစိုးရသစ်လက်ထက် ခွဲခြားမှုများ မရှိရန်လိုကြောင်း ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ပြော
Donate to DVB

လာမယ့် အစိုးရသစ်လက်ထက်မှာ လူမျိုးဘာသာတွေခွဲခြားတာ မရှိဖို့ လိုတယ်လို့ ရန်ကုန် ကတ်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်ဘိုက ပြောပါတယ်။

ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားမှာ ပြောလိုက်တာပါ။

“ပြီးခဲ့တဲ့ အုပ်ချုပ်သူတွေဟာ အဆင့်အတန်းကြောင့် မို့လို့၊ ယုံကြည်မှုကြောင့်မို့လို့၊ လူမျိုးရေးကြောင့် မို့လို့၊ ကျုပ်တို့ဟာ ခွဲခြားခြင်းခံခဲ့ရတယ်။ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာ ဒါမျိုးတွေဆက်ပြီး မဖြစ်ဖို့အတွက် သမိုင်းက ဆက်လက်ပြီး မဖြစ်ဖို့အတွက် ဆက်လက် သွန်သင်ဆုံးမထားတယ်။ ဘာလူမျိုးဖြစ်မှ ရာထူးရမယ်။ မြန်မာဖြစ်မှ၊ ဗမာဖြစ်မှရာထူးရမယ်။ ဗုဒ္ဓဖြစ်မှ ရာထူးရမယ်ဆိုတာတွေကို ကျွန်ုပ် ခံစားခဲ့ရတယ်” လို့ သူက ပြောပါတယ်။

ဒီအခမ်းအနားမှာ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ကြပြီး ခွဲခြားမှုတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးတာတွေ လုပ်ကြမှာပါ။

ပြီးတော့ လူမျိုးရေးခွဲခြားမှုအပါအ၀င် တခြား ခွဲခြားတာတွေ အဆုံးသတ်နိုင်ရေး စည်းရုံး တိုက်တွန်းတာတွေ လုပ်နိုင်မယ့်  ပူးပေါင်းလုပ်ဆောင်ဖို့ အဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့နဲ့ နည်းဗျူဟာတွေ ချမှတ်နိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ-အောင်နိုင်ထွန်းဟိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013