DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအဆင့်ရှိနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး
DVB
·
March 21, 2016
သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအဆင့်ရှိနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး
Donate to DVB

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်က အမြင့်ဆုံးအဆင့်မှာ ရှိနေမှာဖြစ်လို့ သတိထား လည်ပတ်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ အယ်နီညိုရာသီဥတုရဲ့ ဆိုးရွားမှုတွေကို ကြုံတွေ့နေရသလို သင်္ကြန်ကာလအတွင်းမှာလည်း ခရမ်းလွန်ရောင်ခြည်က အမြင့်ဆုံးအဆင့်မှာ ရှိနေနိုင်တဲ့အတွက်  အပူချိန်ကြောင့် ကြုံတွေ့နိုင်တာတွေကို ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

“သတိထားရမှာကတော့ ခရမ်းလွန်ရောင်ခြည် လွန်ကဲတဲ့ အနေအထားမှာ၊ နေပူထဲမှာ အကြာကြီး အကာအကွယ်မဲ့ သွားမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာ တွေ့ရတတ်တယ်။ ကျန်းမာရေးပြဿနာက အနည်းအများအလိုက်၊ အဆင့်လိုက် ပြောမယ်ဆိုရင် ပထမဦးဆုံး တွေ့တတ်တာကတော့ အသားအရေကို နေလောင်တာပဲ။ အဲ့ဒီက သိပ်ဆိုးသွားရင်တော့ အရေပြားကင်ဆာ ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ မျက်စိပေါ်မှာ ခရမ်းလွန်ရောင်ခြည် ကျရောက်ရင် ခရမ်းလွန်ရောင်ခြည်က လျှပ်စစ်သံလိုက်လှိုင်း ဖြစ်တဲ့အတွက် မျက်စိကို ထိခိုက်ပါတယ်။”

သင်္ကြန်ကာလအတွင်းမှာ ကြုံတွေ့ရနိုင်တဲ့ ရာသီဥတုအခြေအနေ ခန့်မှန်းချက်အရတော့ ကချင်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးအနည်းငယ်ရွာနိုင်ပြီး ကျန်တဲ့နေရာတွေကတော့ ပူနိုင်တဲ့အကြောင်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ဒီနှစ်မှာ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးဖြစ်နိုင်တဲ့ ဒေသတွေကတော့ ကယားပြည်နယ်၊ ရှမ်းအရှေ့နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင်က “သင်္ကြန်ကာလအတွင်းမှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်းကတော့ မိုးရွာဖို့ ရှိတာပေါ့။ ကချင်နဲ့ စစ်ကိုင်းအထက်ပေါ့။ ကျန်တဲ့ဒေသကတော့ မိုးရွာဖို့ အလွန်ချန့်စ် နည်းပါတယ်။ ဒါပေမယ့် ညနေပိုင်းလောက်မှာတော့ မိုးတိမ်တောင် ဖြစ်တာမျိုး တရက်လောက်တော့ ကြုံနိုင်တာပေါ့။ ဒါပေမယ့် အန္တရာယ်ပိုင်းကတော့ သိပ်မရှိနိုင်ပါဘူး။ အပူချိန်ကတော့ ၄၀ ပတ်ဝန်းကျင်တော့ရှိမှာပဲ ရန်ကုန်မှာ။ အလယ်ပိုင်းဒေသတွေကတော့ ၄၀ ကျော်သွားမှာပေါ့။ ၄၃၊ ၄၄ လောက်တော့ ခန့်မှန်းထားတယ်။ ပူတယ်၊ အပူကိုတော့ ဂရုစိုက်ရလိမ့်မယ်” လို့ ဆက်ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီရဲ့ စီစဉ်မှုနဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အယ်နီညိုနဲ့ မြန်မာ့သင်္ကြန်အကြောင်းကို မတ်လ ၂၀ ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013