DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ၏ ရေးရာကော်မီတီ ၁၂ ခု ဖျက်သိမ်း
DVB
·
March 21, 2016
အန်အယ်လ်ဒီ၏ ရေးရာကော်မီတီ ၁၂ ခု ဖျက်သိမ်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်အောက်ရှိ ရေးရာကော်မီတီ ၁၂ ခု ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့အတွက် ဒီကနေ့ မတ်လ ၂၁ ရက်နေ့ကစပြီး ဖျက်သိမ်းကြောင်း အန်အယ်ဒီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဖျက်သိမ်းလိုက်တဲ့ ရေးရာကော်မီတီတွေကတော့ စီးပွားရေးကော်မီတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ ပညာရေးကော်မီတီ၊ ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီ၊ အမျိုးသမီးရေးရာ ကော်မတီ၊ ဥပဒေ ရေးရာကော်မတီ၊ အခြားအဖွဲ့စည်းများနှင့် ဆက်ဆံရေးကော်မတီ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ဆက်ဆံရေးကော်မတီ၊ ပြန်ကြားရေးကော်မတီနဲ့ လွှတ်တော်ရေးရာကော်မတီတွေကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မတ်လ ၂၀ ရက်နေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်ဝင်တွေအနေနဲ့ တခြားလူမှုရေးအသင်းအဖွဲ့မှာ ပါဝင်နေရင် သို့မဟုတ် ပါဝင်မယ်ဆိုရင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ခွင့်ပြုချက်ရယူရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013