DVB Logo
Home
မြန်မာသတင်း
ဟင်းရှာထွက်သည့် ရွာသူတဦး သေနတ်ထိမှန်
DVB
·
March 21, 2016
ဟင်းရှာထွက်သည့် ရွာသူတဦး သေနတ်ထိမှန်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ် ခိုငင်းကျေးရွာမှာ တောထဲဟင်းရှာထွက်တဲ့ ရွာသူတဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၂၀ ရက် ညက သေနတ်ဒဏ်ရာမှန်တဲ့ လူနာတဦး ကျောက်မဲခရိုင်ဆေးရုံရောက်လာပြီး လားရှိုးဆေးရုံကို အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ ကျောက်မဲမြို့နယ်လူမှုရေးကူညီမှု အသင်း အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“သေနတ်မှန်တဲ့လူနာကို လားရှိုးဆေးရုံဆက်ပို့ပေးဖို့ ဆေးရုံအုပ်ကြီးက အကူအညီတောင်း လာတဲ့အတွက် ညတွင်းချင်းပို့ပေးခဲ့ပါတယ်။ ဒဏ်ရာရတာက အမျိုးသမီးပါ။ အသက်က ၂၇ -နှစ်လောက်ရှိတယ်။  ကျမတို့ သွားကြည့်တော့ လူနာက ညာဘက်လက်မောင်းမှာ တချက်ထိ တယ်။ ပြီးတော့ ရင်ဘတ်ေ ဘးဂျိုင်းအောက်ပေါ့ အဲဒီကို တချက်ထိတယ်။ ကျည်ဆန်က အထဲ ၀င်နေတယ် မထုတ်ရသေးဘူးလို့ပြောတယ်။ သတိတော့ ရနေသေးတယ် စကားနည်းနည်း ပြောလို့ရတယ်။”

အဆိုပါ အမျိုးသမီးမှာ ခိုငင်းရွာသူ မစန်းစန်းလှိုင်ဆိုသူဖြစ်ပြီး ရွာနီးတောစပ်မှာ စွယ်တော်ရွက် ခူးနေစဉ်  သေနတ်ထိမှန်ဒဏ်ရာရခဲ့တာလို့ သူကဆက်ပြောပါတယ်။

သေနတ်မှာ ဘယ်သူကပစ်လိုက်မှန်းမသိပေမယ့် အဲဒီဘက်မှာ တီအန်အယ်လ်အေ တအာင်း တပ်နဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းကလည်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာအုပ်စု ပန်ရေကန်ရွာထဲမှာ  ဒေါ်ယာထမ်းလို့ခေါ်တဲ့ အသက် ၅၀ နှစ်ရွယ် ရွာသူတဦးရဲ့ လက်ကို သေနတ်ကျည်ထိခဲ့သလို   မစန္ဒာလို့ခေါ်တဲ့ အသက် ၁၅ နှစ်ရွယ် ကျောင်းသူတဦး နောက်ကြောကို ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တီအန်အယ်လ်အေ သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် အဲဒီနေ့က တိုက်ပွဲမရှိဘဲ မြန်မာ့တပ်မတော်ဘက်ကသာ ရွာထဲကို ပစ်ခတ်ခဲ့တာလို့ တီအန်အယ်လ်အေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013