DVB Logo
Home
မြန်မာသတင်း
မီးအာမခံပြုလုပ်ထားသူများကို မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေ ပေးအပ်
DVB
·
March 21, 2016
မီးအာမခံပြုလုပ်ထားသူများကို  မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေ ပေးအပ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တို့က မီးအာမခံထားတဲ့ သူတွေအတွက် မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေ သိန်း ၂၀၀၀ ကျော်ကို ဒီနေ့ ရန်ကုန်မြို့က မြန်မာ့အာမခံလုပ်ငန်းရုံးမှာ ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းက လပွတ္တာမြို့မှာ မီးလောင်သွားတဲ့ နေအိမ် ၂၁ လုံးအတွက် သိန်းပေါင်း ၁၈၀၀ ကျော် ပေးအပ်ခဲ့ပြီး နေအိမ် ၂၁ လုံးထဲက ဘဏ်ချေးငွေနဲ့ အာမခံထားရှိတဲ့ အဆောက်အဦ ၆ လုံးအတွက် ငွေကျပ် သိန်းပေါင်း ၅၈၀ ကျော်ကို ပေးအပ်ခဲ့ပါတယ်။ ပုဂ္ဂလိကအာမခံထားတဲ့ အဆောက်အဦ ၁၄ လုံးအတွက် သိန်းပေါင်း ၁၂၀၀ ကျော်ကို မီးအာမခံလျော်ကြေးတွေ ပေးအပ်ခဲ့ပါတယ်။ မြို့နယ်သမ၀ါယမ အဆောက်အအုံ ၁ လုံးအတွက် လျော်ကြေးငွေ ၂၁ သိန်းကျော် ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၄ ရက်နေ့က နမ့်ဆန်မြို့မှာ မီးလောင်ကျွမ်းခဲ့တာကြောင့် မီးအာမခံထားတဲ့ အဆောက်အဦ ၄ လုံးအတွက် သိန်း ၂၂၀ ကျော် ပေးအပ်ခဲ့ပါတယ်။ ဒီအဆောက်အဦ ၄ လုံးထဲက သမဝါယမလီမီတက်ပိုင် အဆောက်အဦ ၃ လုံးအတွက် သိန်းပေါင်း ၁၇၀ ကျော်နဲ့ ဘဏ်ချေးငွေနဲ့ အာမခံထားတဲ့အိမ် ၁ လုံးကိုလည်း ကျပ်ငွေ ၄၃ သိန်း ပေးအပ်ခဲ့ပါတယ်။

မြန်မာ့အာမခံလုပ်ငန်းဟာ ၂၀၁၅ ဧပြီ - ၂၀၁၆ မတ်လအထိ  ရေဘေး၊ မီးဘေး၊ မင်္ဂလာဈေးရေစို အတွက် အားလုံး စုစုပေါင်းလျော်ကြေး သိန်းနှစ်သောင်းကျော်ပေးခဲ့ရပြီး ဒုတိယအများဆုံးကာလ ဖြစ်တဲ့ နာဂစ်တုန်းကလည်း သိန်းပေါင်း ၄ သောင်းလျော် ပထမအများဆုံး လျော်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013