DVB Logo
Home
မြန်မာသတင်း
သမ္မတသစ်တင်သွင်းသည့် ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီး ၁၈ ဦးကို လွှတ်တော်အတည်ပြု
DVB
·
March 21, 2016
သမ္မတသစ်တင်သွင်းသည့်  ၀န်ကြီးဌာန ၂၁ ခုနှင့်  ၀န်ကြီး ၁၈ ဦးကို လွှတ်တော်အတည်ပြု
Donate to DVB

အနိုင်ရပါတီ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရပ်သားသမ္မတသစ် ဦးထင်ကျော် တင်သွင်းသည့်  ၀န်ကြီးဌာန ၂၁ ခုနဲ့  ၀န်ကြီး ၁၈ ဦးကို ဒီနေ့ လွှတ်တော်က ထောက်ခံမဲအများစုနဲ့ အတည်ပြု လိုက်ပါတယ်။

သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံသူ ဦးထင်ကျော်က အစိုးရသစ်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ  ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးဌာန ၂၁ ဌာန ပါဝင်တဲ့ အစိုးရရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့တပတ်ထဲမှာ သမ္မတ ဦးထင်ကျော်က လွှတ်တော်ကို တင်သွင်းထားပြီး လွှတ်တော်ကလည်း အဲဒီအပေါ်မှာ ဆွေးနွေးခဲ့ပါတယ်။

ဒီလိုဆွေးနွေးရာမှာ ကန့်ကွက်ဆွေးနွေးခြင်းမလုပ်ဘဲ ထောက်ခံဆွေးနွေးခဲ့ကြတဲ့ပေါ်လည်း ကျေးဇူးတင်ကြောင်း သမ္မတ ဦးထင်ကျော်က ဒီကနေ့လွတ်တော်မှာ ပြောကြားသွားပါတယ်။

အရင်အစိုးရ လက်ထက်တုန်းက ၀န်ကြီးဌာန ၃၆ ခု ထားရှိရာကနေ ၂၁ ခုပဲ ထားရှိမှာ ဖြစ်ပါတယ်။ သမ္မတသစ် ဦးထင်ကျော်တင်သွင်းတဲ့ ၀န်ကြီးဌာန ၂၁ ခုထဲက  ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးဌာနအစား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် လွှတ်တော်က ပြောင်းလဲ ပြင်ဆင်အတည်ပြုခဲ့ကြပါတယ်။

ဝန်ကြီးဌာနတွေကို လွှတ်တော်မှာ အတည်ပြုပြီးရင် နောက်ပိုင်းမှာ အစိုးရအဖွဲ့ ၀န်ကြီးတွေ စာရင်းကို ကြေညာရမှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီလအစောပိုင်း မီဒီယာကို ပြောကြားချက်အရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၃၀ ရာခိုင်နှုန်းပဲ ပါဝင်မယ်လို့ သိရပြီး အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၆ ဦးသာ ပါဝင်မှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရအဖွဲ့မှာ တခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တချို့နဲ့ ပြင်ပ ပညာရှင်တွေလည်း ပါဝင်လာဖို့ ရှိတယ်လို့ ပါတီဘက်က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013