DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်းခေါင်းဆောင်သည့် လွှတ်တော်ကော်မရှင်ကို စစ်တပ်မကန့်ကွက်
DVB
·
March 21, 2016
သူရဦးရွှေမန်းခေါင်းဆောင်သည့် လွှတ်တော်ကော်မရှင်ကို စစ်တပ်မကန့်ကွက်
Donate to DVB

သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ကို တပ်မတော်သား အမတ်တွေက ကန့်ကွက်ထားတာ မရှိဘူးလို့  တပ်မတော်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဘက်က ပြည်ထောင်စုအဆင့်နဲ့ မလျော်ညီလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံကို ကန့်ကွက်စာတင်တာလို့ သတင်းတွေ ထွက်ပေါ်လာပြီးမှာ ဒီသတင်းတွေဟာ   တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ထံသို့ တိုင်ကြားကန့်ကွက်စာ ပေးပို့ထားတာ မရှိကြောင်းနဲ့ ဒီသတင်း ထုတ်ခဲ့တဲ့ သက်ဆိုင်ရာ သတင်းအေဂျင်စီ အနေနဲ့ သတင်းမှားယွင်းဖော်ပြမှုအတွက် တာဝန်ယူ ဖြေရှင်းသွားရန် လိုအပ်တယ်လို့  တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကော်မရှင်ကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ အများစုပါဝင်တဲ့ အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကော်မရှင်ဒုတိယဥက္ကဋ္ဌ ရမည်းသင်းမဲဆန္ဒနယ်က ဦးကိုကိုနိုင်ကတော့ သူတို့ ကော်မရှင်အနေနဲ့ တိုင်ကြားထားတာ မသိတဲ့အကြောင်း ပြောပါတယ်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ဟာ လက်ရှိတည်ဆဲဥပဒေတွေကို  လေ့လာဆန်း စစ်ပြီး လွှတ်တော်ကို အကြံပြုရမယ့် အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013